DVB Logo
Home
မြန်မာသတင်း
ပလမြို့တိုက်ပွဲတွင် စစ်တပ်က အရပ်သား ၅ ဦးကို ပစ်သတ်
DVB
·
August 3, 2025
ပလမြို့တိုက်ပွဲတွင် စစ်တပ်က အရပ်သား ၅ ဦးကို ပစ်သတ်
Donate to DVB

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က စစ်ရေးတင်းမာနေတဲ့ ပလမြို့မှာ စစ်ကောင်စီတပ်က အရပ်သား ၅ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ပလမြို့ခံတွေနဲ့ ရဲဘော်တွေဆီက သိရပါတယ်။

ဇူလိုင် ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက အရပ်သားတယောက်ကို ပစ်သတ်ခဲ့ပြီး သြဂုတ် ၂ ရက်နေ့မှာ အရပ်သား ၄ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ မြို့ခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အရပ်သားပစ်ခတ်မှုက တိုက်ပွဲစဖြစ်တဲ့ နေ့ကတည်းကနေပြီး အိမ်တွေထဲမှာနေတဲ့ ပြည်သူတွေ ရှိတယ်။ ကျနော်တို့ဘက်က လေကြောင်းတိုက်ခိုက်မှုများလို့ နည်းနည်းပြန်ဆုတ်တဲ့အချိန်မှာ စကစဘက်က အင်အားပြန်ဖြည့်ပြီး အရှေ့ကို ပြန်တိုးလိုက်လာချိန်မှာ အိမ်ထဲမှာရှိတဲ့ ပြည်သူတွေထွက်ပြေးတဲ့အချိန်မှာ ပစ်သတ်ခံရတယ်” လို့ပြောပါတယ်။

ပစ်သတ်ခံရတဲ့ အရပ်သား ၅ ယောက်ထဲမှာ အမျိုးသား ၄ ယောက်နဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတယောက်ပါဝင်ပြီး ပလမြို့ထဲမှာ ပိတ်မိနေတဲ့ အရပ်သားတွေရှိသလို တချို့ကိုတော့ အဆက်အသွယ်လုံးဝမရဘူးလို့ ပလမြိုခံတွေဆီက သိရပါတယ်။

စစ်ဘေးရှောင်နေတဲ့ မြို့ခံတယောက်က “ပိတ်မိနေတဲ့သူတွေလည်း ရှိတယ်။ လုံးဝ ထွက်မရတဲ့သူတွေလည်း ရှိတယ်။ အဆက်အသွယ်မရတဲ့သူတွေလည်း ရှိတယ်။  စစ်သားက အပေါ်ထပ်မှာနေပြီး အရပ်သားက အောက်ထပ်မှာ နေတဲ့သူတွေလည်း ရှိနေတယ်။ စခန်းအနီးအနား ဝန်းကျင်ကပေါ့နော်။ ဒီလိုလူတွေလည်း ရှိတယ်။ ပိတ်မိနေတဲ့သူတွေ ရှိသေးတယ်။ အဆက်အသွယ်လည်း မရတော့ ဘယ်လိုဖြစ်နေမှန်းမသိဘူး” လို့ ပြောပါတယ်။

ပလမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကစပြီး ဒီနေ့အချိန်အထိ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက် စစ်ရေးတင်းမာနေသလို စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ အသုံးပြုပြီး အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ မြေပြင်ရှိရဲဘော်တွေက ပြောပါတယ်။

ပုလောမြို့နယ်အတွင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေအနေနဲ့ နေအိမ်တွေကနေ ချက်ချင်းထွက်ခွာပြီး အလျင်အမြန်ရှောင်တိမ်းဖို့နဲ့ ပိတ်မိနေရင်လည်း ကျည်ကွယ်မျက်ကွယ်နေရာတွေမှာ တတ်နိုင်သလောက် လုံလုံခြုံခြုံ နေထိုင်ပေးကြဖို့ PDF မြိတ်ခရိုင် တပ်ရင်း ၁ က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013