DVB Logo
Home
မြန်မာသတင်း
တပ်ထောက်ခံသည့် သတင်းထောက်များကို ဦးခင်ရီက ထမင်းကျွေးပြီး ငွေကျပ် ၁ သိန်းပေး စည်းရုံး 
DVB
·
August 3, 2025
တပ်ထောက်ခံသည့် သတင်းထောက်များကို ဦးခင်ရီက ထမင်းကျွေးပြီး ငွေကျပ် ၁ သိန်းပေး စည်းရုံး 
Donate to DVB

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက စစ်တပ်ထောက်ခံတဲ့ ပြည်တွင်းသတင်းထောက်တွေကို နေ့လယ်စာလည်းကျွေး၊ ငွေကျပ် တသိန်းလည်း ပေးပြီး စည်းရုံးနေတယ်လို့ DVB ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဇူလိုင် ၃၁ ရက်​က ရန်ကုန်မြို့ ကြံ့ခိုင်ရေးပါတီရုံးမှာ သတင်းထောက် ၁၀ ယောက်ထက်မနည်းနဲ့ အလွတ်သဘော မိတ်ဆက်တွေ့ဆုံတာလို့ ဆိုပါတယ်။

တွေ့ဆုံတဲ့အချိန်မှာတော့ သူက မြန်မာ့နိုင်ငံရေးသမိုင်းကြောင်း၊ ကြံ့ခိုင်ရေးပါတီသမိုင်းကြောင်းနဲ့ ရွေးကောက်ပွဲမှာ NLD က မဲမသမာမှုတွေ လုပ်ခဲ့တာကို မဖြေရှင်းပေးခဲ့တာကြောင့် ပြည်တွင်း နိုင်ငံရေးအခြေအနေဟ အခုလို အခြေအနေထိ ရောက်လာတာလို့ ပြောခဲ့တဲ့အကြောင်း တက်ရောက်ခဲ့တဲ့ သတင်းထောက် တယောက်နဲ့ နီးစပ်သူက DVB ကို ပြောပါတယ်။

“ခေါ်တွေ့တဲ့အခါ NLD ကတော့ အခု လုပ်မယ့်ရွေးကောက်ပွဲမှာ မပြိုင်ဖြစ်ဘူးပေါ့ဗျာ။ မှတ်ပုံလည်း မတင်ထားဘူးပေါ့။ NLD က မဲမသမာလို့ အခုလို အနေအထားဖြစ်နေတာ ဆိုပြီးတော့ ပြောတယ်။ ပြီးတော့ သူတို့ ပါတီကတော့ ပြိုင်မယ်ပေါ့။ ကျနော်တို့ ကြားသလောက်ကတော့ ဦးခင်ရီက အရပ်သားသမ္မတ မှန်းထားတယ်တဲ့။ တခြားနိုင်ငံရေး၊ စီးပွားရေးသတင်းထောက်တွေကို မခေါ်ဘဲ တပ်ထောက်ခံတဲ့ သတင်းထောက်တွေကိုပဲ ခေါ်တာ။ ခေါ်တာကလည်း သရုပ်ဆောင် ယမင်းကိုကို လေဗျာ။ သိတယ်မလား၊ ပိုက်ဆံပေးတယ်ပေါ့ဗျာ။ ဘာနိုင်ငံရေးမှ နားမလည်ဘူး။ ယမင်းကိုကို အမျိုးသားက ဗိုလ်မှူးကြီးလေ။ အဲဒီဗိုလ်ကြီးက ကင်ဆာရောဂါနဲ့ ဆုံးသွားပြီလေ။” 

သြဂုတ် ၂ ရက်နေ့မှာလည်း အဲဒီသတင်းထောက်တွေကို ဦးခင်ရီက သန်လျင်မြို့နယ်မှာ လုပ်တဲ့ ကြံ့ခိုင်ရေးအသင်းဝင်သစ် လက်ခံတဲ့ အခမ်းအနားကို ထပ်ခေါ်လို့ သွားကြသေးတယ်လို့ သိရပါတယ်။

ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ဟာ သရုပ်ဆောင်တွေနဲ့လည်း တွေ့ဆုံပြီး ရွေးကောက်ပွဲအကြောင်း ပြောဆိုခဲ့တယ်လို့ ပါတီက ဩဂုတ် ၃ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013