DVB Logo
Home
မြန်မာသတင်း
ကျားဖြန့်ဂိုဏ်းကို KIA ဖမ်းဆီးပြီး တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ပြန်ပို့
DVB
·
August 2, 2025
ကျားဖြန့်ဂိုဏ်းကို KIA ဖမ်းဆီးပြီး တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ပြန်ပို့
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော် ကျေးရွာအုပ်စု၊ ရှောက်ဟော်ရွာက ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းကို KIA တပ်ဖွဲ့က ဇူလိုင် ၃၁ ရက်နေ့မှာ သွားရောက်ဖမ်းဆီးပြီး တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ဩဂုတ် ၁ ရက်နေ့က တရုတ်နိုင်ငံဘက် လွှဲပြောင်း ပို့ဆောင်ပေးခဲ့တယ်လို့ KIA သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

KIA နဲ့ နီးစပ်သူတယောက်က “ကျနော်တို့ KIA ဘက်က တခြားညီအကို လက်နက်ကိုင်အဖွဲ့တွေ ဖွင့်ထားတဲ့ အွန်လိုင်းငွေလိမ်တွေကိုဖမ်းဆီးပြီး တရုတ်နိုင်ငံသားတွေကို တရုတ်ဘက် ပြန်လည်လွှဲပြောင်း ပို့ပေးတာပါ။ တရုတ်နိုင်ငံသား ၁၀၀ ကျော်ပါ” လို့ ပြောပါတယ်။

ဇူလိုင် ၃၁ ရက်နေ့က လုံထန် ရှောက်ဟော်ဘက် ကျားဖြန့်လုပ်နေတဲ့သူတွေကို KIA တပ်ဖွဲ့တွေက သွားဖမ်းတာလို့ သူက ပြောပါတယ်။

KIA အရာရှိတယောက်က “တရုတ်နိုင်ငံသား ၁၄၅ ယောက် ပါ။ ရှောက်ဟော်ရွာမှာလုပ်တဲ့ ကျားဖြန့်တွေပါ။ သွားဖမ်းတာက KIA တပ်မဟာ ၁၀၊ တပ်ရင်း ၂ က တပ်ဖွဲ့တွေပါ” လို့ ပြောပါတယ်။

ဖမ်းမိတဲ့ တရုတ်နိုင်ငံသားတွေကို ကြူကုတ် (ပန်ဆိုင်း) မြို့နယ်၊ ဖိုင်ကောင်းရွာဘက် နယ်စပ်လမ်းငယ်ကနေ တရုတ်ဘက်ကိုလွှဲပြောင်းပို့ပေးခဲ့တယ်လို့ သူက ပြောပါတယ်။

ရှောက်ဟော်ရွာမှာ အရင်ကတည်းက ဘိန်းစိုက်ပျိုးထုတ်လုပ်နေတဲ့ ဒေသခံလုပ်ငန်းရှင်တွေနဲ့ တရုတ်တွေပူးပေါင်းပြီး ‌ချောက်တနေရာမှာ ခမ်းနားတဲ့ အဆောက်အဦဆောက်ပြီး ပြည့်တန်ဆာခန်း၊ စားသောက်ဆိုင်တွေဖွင့်ထားသလို ငွေလိမ်လုပ်ငန်းလုပ်နေတာ တနှစ်ကျော်လောက်ရှိပြီလို့ သိရကြောင်းလည်း သူက ပြောပါတယ်။

အဲဒီ ကျားဖြန့်ငွေလိမ်ကုမ္ပဏီမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေထဲက ခက်ခဲလို့ ငွေရှာနေသူတွေကို ပြန်လည်လွှတ်ပေးမှာဖြစ်ပြီး ကျန်သူတွေကိုတော့ စစ်သားအဖြစ် စုဆောင်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားတော်လှန်ရေးတပ်ထိန်းချုပ်နယ်မြေမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း ဦးဆောင် လုပ်လာသူတွေက အရင်က ပြည်သူ့စစ်မှုထမ်းဟောင်းတွေလို့ ဒေသခံတွေက ဆိုပါတယ်။

တရုတ်နိုင်ငံသား အွန်လိုင်းငွေလိမ်လုပ်ငန်းသူဌေးတယောက်မှာ ဝန်ထမ်းဦးရေ အနည်းဆုံး ၂၀၀ နဲ့ အထက်ရှိပြီး နေရာ ၃၊ ၄ ခုမှာ လူခွဲထားတတ်သလို တနေရာမှာအဆင်မပြေရင် နောက်တနေရာကို လှည့်လည်လိမ်လည်နေတာလို့ ကျားဖြန့်ငွေလိမ်လုပ်ငန်းမှာ စကားပြန်လုပ်ကိုင်ခဲ့ဖူးသူက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေကပါ ကျားဖြန် ငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးနေတာရှိပေမယ့် မူဆယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း တချို့နေရာတွေမှာ ငွေလိမ်လုပ်ငန်းတွေ ခိုအောင်းနေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013