DVB Logo
Home
မြန်မာသတင်း
ဗန်းမော် ၃ မိုင်က ဘုရားကျောင်းမီးရှို့ခဲ့သည့် စစ်အာဏာရှင်တပ်ကို KIA ပူးပေါင်းတပ်ဖွဲ့ ရှင်းလင်း
DVB
·
October 19, 2026
အောက်တိုဘာ ၁၂ ရက်က ဗန်းမော်မြို့ ၃ မိုင်၊ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရစဉ်။ (Photo: ရှေ့တန်းသတင်းရင်းမြစ်)
အောက်တိုဘာ ၁၂ ရက်က ဗန်းမော်မြို့ ၃ မိုင်၊ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရစဉ်။ (Photo: ရှေ့တန်းသတင်းရင်းမြစ်)
Donate to DVB

ကချင်ပြည်နယ် ဗန်းမော် ၃ မိုင်ရှိ  ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို မီးရှို့ခဲ့တဲ့ စစ်အာဏာရှင်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာ ၁၇ ရက်မှာ ရှင်းလင်းလိုက်ကြောင်း ရှေ့တန်းနဲ့နီးစပ်သူတွေက ပြောပါတယ်။

ရှေ့တန်းနဲ့နီးစပ်သူတယောက်က “အဲဒီ ၃ မိုင်က ဘုရားကျောင်း မီးရှို့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အားလုံးကို အကုန်ရှင်းလိုက်နိုင်ပြီ” လို့ ပြောပါတယ်။

တိုက်ခိုက်ရှင်းလင်းရာမှာ စစ်တပ်ဘက်က အလောင်း ၂၀ ကျော်ရရှိပြီး အရှင်စစ်သုံ့ပန်း ၁၀ ယောက်ကျော် ဖမ်းမိတယ်လို့ သူက ပြောပါတယ်။

စစ်အာဏာရှင်တပ်ဖွဲ့ဝင်တချို့ ထွက်ပြေးသွားကြပြီး သူတို့နေထိုင်တဲ့ စခန်းကိုတော့ အပြောင်ရှင်းလိုက်ပြီလို့ သူက ပြောပါတယ်။

KIA နဲ့ နီးစပ်သူ အမျိုးသားတယောက်က “စစ်ကောင်စီစခန်းတခု သိမ်းနိုင်တာ ဟုတ်တယ်။ အဲဒီမှာ စစ်ကောင်စီ အကြီးပိုင်းတယောက် ပါသွားတယ်။ လက်နက်ခဲယမ်းတွေလည်း သိမ်းရတယ်” လို့ ပြောပါတယ်။

ဗန်းမော်မြို့ ၃ မိုင် ရွှေပြည်သာ ကချင်နှစ်ခြင်းခရစ်ယာန် (KBC) ဘုရားကျောင်းနဲ့ အနီးဝန်းကျင်က အိမ်တချို့ကို အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းမှာ စစ်အာဏာရှင်ရဲ့ တပ်မ ၃၃ နဲ့ တပ်မ ၈၈ တို့က မီးရှို့ဖျက်ဆီးခဲ့တာလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီတပ်ဖွဲ့ဟာ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အထဲက ၃ ထပ်နေအိမ်မှာ နောက်ဆုံးစခန်းချနေထိုင် လှုပ်ရှားခဲ့တာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ဗန်းမော်စစ်မျက်နှာ ကုန်းမဟတ်နဲ့ ဟန်တဲ ဘက်မှာလည်း စစ်အာဏာရှင်ရဲ့ ခလရ ၄၇၊ ခလရ ၂၃၇၊ ခမရ ၄၃၈ ပူးပေါင်းအဖွဲ့ဟာ အောက်တိုဘာ ၁၇ ရက်နေ့မှာ KIA ပူးပေါင်းတပ်ဖွဲ့တွေရှိတဲ့ နေရာဘက်ကို စစ်ကြောင်းထိုး တိုက်ခိုက်လာတာကြောင့် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ KIA ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနက အောက်တိုဘာ ၁၈ ရက် ညပိုင်းမှာ သတင်းထုတ်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာတွေကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းမျိုးစုံနဲ့ ပစ်ခတ် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဟာ ကချင်ပြည်နယ်ထဲက သူတို့ လက်လွတ်ဆုံးရှုံးသွားခဲ့ရတဲ့ နေရာတွေကို ပြန်လည်ရယူနိုင်ဖို့ ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ် နေရာအနှံ့ စစ်ကြောင်းထိုး လှုပ်ရှားနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013