DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်တွင် ရေကြီးပြီး စပါးနှင့် ပြောင်း စိုက်ဧက ၁,၀၀၀ကျော် နစ်မြုပ်ပျက်စီး
DVB
·
August 2, 2025
ဆီဆိုင်တွင် ရေကြီးပြီး စပါးနှင့် ပြောင်း စိုက်ဧက ၁,၀၀၀ကျော် နစ်မြုပ်ပျက်စီး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုမှာ တဘတ်ချောင်းရေလျှံနေလို့ ဒေသခံတောင်သူတွေစိုက်ပျိုးထားတဲ့ စပါးခင်းနဲ့ ပြောင်းခြံဧက ၁,၀၀၀ ကျော် ရေမြုပ်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆီဆိုင်မြို့မှာ ဇူလိူင်လဒုတိယပတ်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် တဘတ်ချောင်း ရေလျှံလာပြီး စိုက်ခင်းတွေနစ်မြုစ်ခဲ့တာပါ။

ဒေသခံတောင်သူတယောက်က “ရေမြုပ်သွားတာ ၂ ပတ်ကျော်နေပြီဆိုတော့ ပြောင်းရဲ့ အဖူးတွေက ပုပ်ကုန်ပြီ။ ရေမြုပ်ရုံမကဘူး အပင်ပါလဲတော့ တနှစ်စာဆုံးရှုံးပြီပေါ့။ မြေသြဇာဖိုးရော ဖြန်းဆေးဖိုးရော အကုန် ပြန်မရဘူး။ တောင်သူတွေတော့ တနှစ်စာ ဆုံးရှုံးရတယ်” လို့ပြောပါတယ်။

နောင်ကျော၊ နောင်ယွေး၊ နောင်ရင်း၊ ကန်တော်လေးကျေးရွာတို့က ဒေသခံတောင်သူတွေရဲ့ စိုက်ခင်းတွေပျက်စီးကြရတာလို့လည်း ဆိုပါတယ်။

တောင်သူနောက်တယောက်က “အရင်နှစ်ဆို စစ်ဘေးကြောင့် မစိုက်ရဘူး။ ခုနှစ်တော့ စိုက်ရတယ်။ ဒါပေမယ့် သဘာဝေဘေးကြောင့် ရေမြုပ်တော့ ပျက်စီးကုန်တယ်” လို့ပြောပါတယ်။

ဆီဆိုင်မြို့နယ်မှာ စစ်ဘေးကြောင့်  ဒေသခံအများစုဟာ တောင်ယာမစိုက်ကြရဘဲ စိုက်ပျိုးခွင့်ရတဲ့ ကျေးရွာတွေမှာလည်း အခုလို သဘာဝဘေးကြုံနေရလို့ လာမယ့်နှစ်မှာ စားဝတ်နေရေး ပိုခက်ခဲလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013