DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်၏ ဟန်ပြငြိမ်းချမ်းရေးကို မပူးပေါင်းရန် တအာင်းအရပ်ဘက်အဖွဲ့များ ဆုံးဖြတ်
DVB
·
August 11, 2026
Photo: TNLA
Photo: TNLA
Donate to DVB

စစ်ခေါင်းဆောင်သမ္မတ မင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ ဟန်ပြငြိမ်းချမ်းရေးကို တအာင်းတပ် (PSLF/TNLA) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှု မပြုသင့်ကြောင်း တအာင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက် (TCSN) ရဲ့ ပထမအကြိမ်ညီလာခံက ဆုံးဖြတ်ခဲ့တယ်လို့ ဩဂုတ် ၁၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

တအာင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက် (TCSN) ရဲ့ ပထမအကြိမ်ညီလာခံကို ဩဂုတ် ၄ ရက်ကနေ ၆ ရက်အထိ တအာင်းနယ်မြေ တနေရာမှာ ကျင်းပခဲ့ပြီး တအာင်းအရပ်ဘက်အဖွဲ့အစည်း ၆ ဖွဲ့က ကိုယ်စားလှယ် ၆၄ ယောက်၊ လေ့လာသူ ၆ ယောက်နဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ညီလာခံမှာ လက်ရှိနိုင်ငံရေးအခင်းအကျင်း၊ နွေဦးတော်လှန်ရေးအခြေအနေကို ဆွေးနွေးသုံးသပ်ခဲ့ကြပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားချင်းစာနာထောက်ထားမှုတွေ၊ လူမှုရေး၊ သဘာဝအရင်းအမြစ် ထုတ်ယူမှု အခြေအနေနဲ့ အမျိုးသမီးနဲ့ လူငယ်ကဏ္ဍတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် တအာင်းဒေသအတွင်း မြေရှား အပါအဝင် သဘာဝအရင်းအမြစ်တွေ အလွန်အကျွံ ထုတ်ယူတာ၊ လူ့အခွင့်အရေးချိုးဖောက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းတာတွေကြောင့် လူထုရဲ့ ဘဝအခြေအနေ ပိုမိုကျပ်တည်းခက်ခဲလာနေတယ်လို့လည်း ညီလာခံက ထုတ်ပြန်ပါတယ်။

TCSN အနေနဲ့ နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အကောင်အထည်ဖော်နေတဲ့ မိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းကာ ဘယ်အာဏာရှင်စနစ်မဆို ကျဆုံးတဲ့အထိ တစိုက်မတ်မတ် တိုက်ဖျက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013