DVB Logo
Home
မြန်မာသတင်း
မြန်မာရွေးကောက်ပွဲအစီအစဉ်အပေါ် အာဆီယံရှုတ်ချမှု အဖွဲ့အစည်း ၂၄၀ ခန့် ကြိုဆို
DVB
·
August 1, 2025
မြန်မာရွေးကောက်ပွဲအစီအစဉ်အပေါ် အာဆီယံရှုတ်ချမှု အဖွဲ့အစည်း ၂၄၀ ခန့် ကြိုဆို
Donate to DVB

စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ပြတ် ပြတ်သားသား ရှုတ်ချမှူအပေါ် Burma Campaign UK အပါအဝင် အရပ်ဘက်အဖွဲ့အ စည်း ၂၄၀ နီးပါးက အသိအမှတ်ပြုကြောင်းနဲ့ ဒါဟာ အခြေခံကျပြီး ရှေ့ဆက်ဖို့ အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။

ဇူလိုင် ၃၁ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ဒါဟာ မြန်မာနိုင်ငံအကျပ်အတည်းကို ပိုမိုခိုင်မာပြီး တာဝန်ယူမှုရှိတဲ့ ချဉ်းကပ်မှုဆီသို့ ဦးတည်တဲ့ အစုအဖွဲ့ရဲ့ ရပ်တည်ချက်မှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတခုဖြစ်သလို လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ နောက်ထပ်ပြတ်သားတဲ့ လုပ်ဆောင်ချက်တွေနောက်ကို လိုက်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဖော်ပြပါတယ်။

ဒါ့အပြင် စစ်အုပ်စုက စီစဉ်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ထောက်ခံမှု အားလုံးကို ရပ်တန့်ဖို့ အာဆီယံကို လူသိရှင်ကြား ရှုတ်ချဖို့လည်း ထပ်ခါတလဲလဲ တောင်းဆိုခဲ့သလို အမည်ခံမဲအပေါ် အာဆီယံရဲ့ ပြတ်ပြတ်သားသား ရှုတ်ချမှုကို အလေးအနက် သတိပြုမိကြောင်းလည်း ဖော်ပြထားတာပါ။

နောက်ထပ်ပြီးတော့လည်း အာဆီယံက အရပ်သားတွေနဲ့ အရပ်ဘက်အခြေခံအဆောက် အအုံတွေအပေါ် စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို မီးမောင်းထိုးပြရာမှာ ခိုင်မာတဲ့ နိုင်ငံရေးစီရင်ချက်ကို သရုပ်ပြခဲ့သလို ပိုဆိုးလာနေတဲ့ ပဋိပက္ခတွေရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ မြန်မာစစ်တပ်ကို ဖြေရှင်းဖို့ အခြေခံကျတဲ့ ခြေလှမ်းဖြစ်တဲ့ ရပ်တည်ချက်ကို ကြိုဆိုတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ထိတွေ့ဆက်ဆံနေတဲ့ တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံအနေနဲ့ လက်မခံဖို့ မြန်မာစစ်အုပ်စုရဲ့ ကန့်ကွက်မှုအပေါ် ပယ်ချမှု အပေါ်လည်း ကြိုဆိုကြောင်းနဲ့ အခုအောက်တိုဘာလမှာ ဝင်ရောက်ခွင့်ရရှိရေး အာဆီယံ ရဲ့ ဆုံးဖြတ်ချက်က မြန်မာစစ်တပ်ရဲ့ တရားမ၀င်တဲ့ တောင်းဆိုမှုတွေအပေါ် ပြတ်ပြတ်သားသား ပယ်ချလိုက်တာလို့လည်း ဆိုပါတယ်။

Burma Campaign UK အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ မအောင်မြင်တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ကျော်လွန်ကာ အာဆီယံကို တွန်းအားပေးပြီး စစ်အာဏာရှင်စနစ်ကို အပြည့်အဝဖျက်သိမ်းကာ အားလုံးပါဝင်နိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ထူထောင်ဖို့ မြန်မာလူထုရဲ့ ရည်မှန်းချက်တွေကို ပြတ်ပြတ်သားသား ထောက်ခံဖို့လည်း တိုက်တွန်းထားတာပါ။

အဲဒီလိုလုပ်ဆောင်ဖို့အတွက် အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်အာဏာရှင်တို့နဲ့ ထိတွေ့ဆက်ဆံမှုအားလုံးကို ရပ်ဆိုင်းထားရမှာဖြစ်သလို စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတာ၊ ဒါမှမဟုတ် ပံ့ပိုးပေးတာတွေက သူတို့ရဲ့ အကြမ်းဖက်မှုကို အားကောင်းစေပြီး မြန်မာနိုငငံ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေထဲ အာဆီယံရဲ့ ဆကစပ်မှုကို နက်ရှိုင်းစေမယ်လို့လည်း သတိပေးထားပါတယ်။ 

အဲဒီအစား အာဆီယံက ငြိမ်းချမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့ မြန်မာလူထုရဲ့ ကြီးမားတဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံအားပေးနိုင်ရေး မြန်မာ့ ဒီမိုကရေစီအရေး သက်ဆိုင်သူတွေ၊ တရားဝင်ကိုယ်စားလှယ်တွေနဲ့ အဓိပ္ပာယ်ရှိရှိ ထိတွေ့ဆက်ဆံရမယ်လို့ ဆိုပါတယ်။

Source ; Burma Campaign UK

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013