DVB Logo
Home
မြန်မာသတင်း
ရာမညမွန်တပ်တော်ထံ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ဖြင့် အလင်းဝင်
DVB
·
August 1, 2025
ရာမညမွန်တပ်တော်ထံ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ဖြင့် အလင်းဝင်
Donate to DVB

မွန်ပြည်နယ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ ဇူလိုင် ၂၂ ရက်က ရာမညမွန်တပ်တော် NMSP-AD (Ramonnya Mon Army) ထံ လာရောက်အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရာမညမွန်တပ်တော် (RMA) ထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက စစ်မှုထမ်းစုဆောင်းခံရပြီး တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ခမရ ၄၃၂ တပ်ရင်းမှာ တာဝန်ထမ်းဆောင်ပြီးနောက် မွန်ပြည်နယ်မှာ ဆက်လက် တာဝန်ထမ်းဆောင်ရာက အခုလို လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တာလို့ RMA တာဝန်ရှိသူတယောက်က ပြောပါတယ်။

“သူတို့ ၂ ယောက်က လက်နက်ရှည် ၂ လက်နဲ့ တခြားစစ်အသုံးအဆောင်ပစ္စည်းတွေ ယူဆောင်လာပြီး ကျနော်တို့ဆီ အလင်းဝင်ရောက်လာတာပါ။ ကျန်တာက သူတို့ ၂ ယောက်ရဲ့ သဘောဆန္ဒအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမှာပါ။”

ဒါ့အပြင် လက်နက်နဲ့ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ရာမညမွန်တပ်တော် NMSP-AD (Ramonnya Mon Army) တပ်ရင်း ၉၀၂ က တယောက်ကို ကျပ်ငွေ ၂၅ သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

မွန်ပြည်နယ်ထဲက စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေရဲ့ အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းခံရပြီး စစ်မြေပြင်အသီးသီးမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတွေအနေနဲ့ ပြည်နယ်တွင်းရှိ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံ လာရောက်ခိုလှုံ အလင်းဝင်နိုင်ကြောင်း တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013