
စက်တင်ဘာလအတွင်း စစ်အာဏာရှင်တပ်ဘက်က လက်နက်ချ တပ်ဖွဲ့၀င်နဲ့ ဖမ်းမိ စစ်သုံ့ပန်း အားလုံးပေါင်း ၂၁၆ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က အောက်တိုဘာ ၈ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်းမှာ ဖမ်းမိ စစ်သုံ့ပန်းက ၁၆၉ ယောက် ရှိပြီး ကချင်ပြည်နယ်က ၁၅၈ ယောက်နဲ့ အများဆုံးဖြစ်ကာ ရခိုင်ပြည်နယ်မှာ ၄ ယောက်၊ တနသာရီတိုင်းမှာ ၃ ယောက်နဲ့ ပြည်သူ့စစ် ၄ ယောက် ဖြစ်ပါတယ်။
အလင်း၀င် ပူးပေါင်းလာသူ ၁၂ ယောက် ရှိပြီး ဒီထဲက ၄ ယောက်ကတော့ စစ်မှုထမ်းဥပဒေနဲ့ ခေါ်ဆောင်တာခံရတဲ့တပ်သားသစ်တွေလို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်က စစ်သား ၃၅ ယောက် ကရင်ပြည်နယ်မှာ လက်နက်ချ အလင်း၀င်လာတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ မှတ်တမ်းမှာ ဖော်ပြပါတယ်။
ဒီသတင်းအချက်အလက်တွေကို တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်တွေကနေ ကိုးကား ကောက်ယူထားတာလို့ ပြည်သူ့ပန်းတိုင်က ဖော်ပြပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ အလင်းဝင်လာသူ၊ လက်နက်ချသူ စစ်သုံ့ပန်း အားလုံးပေါင်း ၄,၀၃၇ ယောက်ရှိပါတယ်။











