DVB Logo
Home
နိုင်ငံတကာ
တိုင်ဖွန်းမုန်တိုင်း ရှန်ဟိုင်းမြို့ကို ဝင်ရောက်
DVB
·
August 1, 2025
တိုင်ဖွန်းမုန်တိုင်း ရှန်ဟိုင်းမြို့ကို ဝင်ရောက်
Donate to DVB

အခုနှစ်ရဲ့ အဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း ‘ကိုမေ’ ဟာ တရုတ်နိုင်ငံ အရှေ့ပိုင်းကို တိုက်ခတ်ခဲ့ပြီး ဇူလိုင် ၃၀ ရက်မှာ မိုးသည်းခဲ့လို့ တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းမှာ အရေးပေါ် တုံ့ပြန်ရေးတပ်ဖွဲ့ဝင်တွေ နိုးနိုးကြားကြား ရှိနေခဲ့ပါတယ်။

တိုင်ဖွန်း ‘ကိုမေ’ဟာ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာ ကျဲ့ကျန်းပြည်နယ် ကုန်းတွင်းပိုင်းဆီ ဝင်ရောက်ခဲ့ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီ ၄၀ မိနစ်မှာ အပူပိုင်းမုန်တိုင်းအဆင့်နဲ့ ရှန်ဟိုင်းမြို့ တောင်ပိုင်း ဆင်ခြေဖုံးက ဖှုန့်ရှန်းခရိုင် ကမ်းရိုးတန်းကနေ ကုန်းတွင်းပိုင်းကို ဒုတိယအကြိမ် ဝင်ရောက်ခဲ့ပါတယ်။

ဒီအချိန်မှာ မုန်တိုင်း ဗဟိုအနားက အမြင့်ဆုံးလေတိုက်နှုန်းဟာ တနာရီ ၅၂ မိုင်ဖြစ်ပြီး ဗဟိုအနိမ့်ဆုံးဖိအား ၉၇၈ ဟက်တိုပါစကယ်ထိ ရှိခဲ့ပါတယ်။

ရှန်ဟိုင်းမြို့မှာ ရေလွှမ်းမိုးမှုနဲ့ တိုင်ဖွန်းမုန်တိုင်း ထိန်းချုပ်မှုအတွက် အဆင့်သုံး အရေးပေါ်တုံ့ပြန်မှုကို စတင်ခဲ့ပြီး လေးဆင့်သတိပေးစနစ်မှာ တတိယအမြင့်ဆုံးအဆင့် ဖြစ်ပါတယ်။

အင်္ဂါနေ့ကစပြီး မြို့တွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ပေါင်း ၄,၆၂၈ ခုမှာ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့ပြီး နေရာ ၁,၁၀၀ မှာ အလုပ်သမားတွေကို ဘေးလွတ်ရာရွှေ့ဖို့ စီစဉ်နေတယ်လို့ ရှန်ဟိုင်းမြူနီစီပယ်အိမ်ရာနဲ့ မြို့ပြ-ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင်က ဆိုပါတယ်။

ရှန်ဟိုင်းမြို့ ကမ်းနားပိုင်းက လူ ၃၀၀,၀၀၀ လောက်ကို ဘေးလွတ်ရာက ပြန်လည်နေရာချထားရေး စခန်း ၁,၉၀၀ ကျော်ဆီ ပြောင်းရွှေ့အခြေချပေးခဲ့ပါတယ်။ ရှန်ဟိုင်းလေဆိပ်အုပ်စု ကုမ္ပဏီက လေကြောင်းခရီးစဉ် ၆၄၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

အိမ်နီးချင်း ကျင်းရှန်းခရိုင်မှာ အရေးပေါ်စီမံခန့်ခွဲမှုဗျူရိုက တိုင်ဖွန်းမုန်တိုင်းကာကွယ်ရေး အစီအမံတွေထားပြီး ရေလွှမ်းမိုးမှုထိန်းချုပ်ရေး အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ဒေသခံ မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနတို့နဲ့ ညှိနှိုင်းခဲ့ပါတယ်။

ရေနုတ်မြောင်းဖောက်လုပ်ရေး ယန္တရားကြီးတွေ၊ အရေးပေါ် မိုဘိုင်းမီးအလင်းရောင်နဲ့ တခြားစက်ပစ္စည်းတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် တုံ့ပြန်ဖို့  အချိန်တိုင်း အဆင်သင့်ဖြစ်နေတာ သေချာတယ်လို့ ရှန်ဟိုင်းမြို့ ကျင်းရှန်းခရိုင် အရေးပေါ်စီမံခန့်ခွဲမှုဗျူရိုက စီမံခန့်ခွဲမှုဌာန အဖွဲ့ဝင် ချူးကျဲ့တောင်က ပြောပါတယ်။

ဒါ့အပြင် မြို့ရဲ့ ကမ်းလွန် ယန်ရှန်း ရေနက်ဆိပ်ကမ်းက ဆိပ်ခံအားလုံးမှာ အင်္ဂါည ၈ နာရီကစပြီး လုပ်ငန်းလည်ပတ်မှု လုံးဝ ရပ်ဆိုင်းခဲ့ပါတယ်။

ဆိပ်ကမ်းရဲ့ ရေကြောင်းဗျူရိုက တိုင်ဖွန်းမုန်တိုင်း အခြေအနေကို တက်တက်ကြွကြွ စစ်ဆေးနေပြီး ခိုလှုံနေတဲ့ သင်္ဘောတွေကို ၂၄ နာရီ အချိန်နဲ့တပြေးညီ စောင့်ကြည့်နေပါတယ်။

တရုတ်မီးရထား ရှန်ဟိုင်းအုပ်စုက အင်္ဂါနေ့မှာ တိုင်ဖွန်းမုန်တိုင်းနဲ့ ရေလွှမ်းမိုးမှု ကြိုတင်ကာကွယ်ရေးအတွက် အဆင့် ၂ အရေးပေါ်တုံ့ပြန်မှုတရပ်ကို စတင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး အစီအစဉ်တွေကို အခြေအနေနဲ့အညီ ပြုပြင်ပြောင်းလဲခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013