DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယက ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေး စောင့်ကြည့်လေ့လာရန် ဂြိုဟ်တုလွှတ်တင်
DVB
·
August 1, 2025
အိန္ဒိယက ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေး စောင့်ကြည့်လေ့လာရန် ဂြိုဟ်တုလွှတ်တင်
Donate to DVB

အိန္ဒိယအစိုးရဟာ အမေရိကန်အမျိုးသားလေကြောင်းနဲ့ အာကာသ စီမံခန့်ခွဲရေးအေဂျင်စီ (NASA) နဲ့ ပူးပေါင်းတည်ဆောက်ထားတဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်တွေကို ကမ္ဘာလုံးဆိုင်ရာစောင့်ကြည့်လေ့လာမှုမြှင့်တင်ဖို့ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် ပထမဆုံး ရေဒါပုံရိပ်ဖော်ဂြိုဟ်တုကို ဇူလိုင် ၃၀ ရက်မှာ လွှတ်တင်ခဲ့ပါတယ်။

NASA-ISRO Synthetic Aperture Radar ဒါမှမဟုတ် NISAR ဂြိုဟ်တုက အိန္ဒိယ အာကာသ သုတေသနအဖွဲ့နဲ့ အမေရိကန် အာကာသအေဂျင်စီ (NASA) တို့အကြား ပထမဆုံး ပူးပေါင်းဆောင်ရွက်တဲ့လုပ်ငန်း ဖြစ်ပါတယ်။

NISAR ဟာ စင်တီမီတာထိ သေးငယ်တဲ့ လှုပ်ရှားမှုတွေ အပါအဝင် ကမ္ဘာမြေမျက်နှာပြင်က မိနစ်ပိုင်းနဲ့အမျှ ပြောင်းလဲမှုတွေကို ခြေရာခံဖို့ NASA ကနေ ပံ့ပိုးပေးတဲ့ L-band နဲ့ S-band တို့ကိုသုံးတဲ့ ကမ္ဘာ့ပထမဆုံး ရေဒါပုံရိပ်ဖော်ဂြိုဟ်တုဖြစ်တယ်လို့ အာကာသအေဂျင်စီတွေက ပြောပါတယ်။

အကြမ်းဖျင်းအားဖြင့် ပစ်ကပ်ထရပ်ကားတစီးရဲ့ အရွယ်အစားနဲ့ အလေးချိန်ရှိတဲ့ ဂြိုဟ်တုကို ကမ္ဘာမြေပြင်အထက် ၄၆၄ မိုင်အကွာ ဝင်ရိုးစွန်းအနားက ပတ်လမ်းထဲမှာ ချထားခဲ့တာပါ။

ဒီဂြိုဟ်တုဟာ ဟိမဝန္တာတောင်တန်းကနေ ရေခဲမြစ်တွေ လျော့ကျလာတာကနေ တောင်အမေရိကတိုက်က မြေပြိုဇုန်တွေအထိ အရာအားလုံးကို စောင့်ကြည့်ဖို့ သိပ္ပံပညာရှင်တွေနဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးအေဂျင်စီတွေဆီ ဒေတာတွေပေးပြီး ကီလိုမီတာ ၂၄၀ ကျယ်တဲ့ ရေဒါလှိုင်းကို သုံးပြီး ၁၂ ရက်တိုင်တိုင် ကမ္ဘာဂြိုဟ်ကို မြေပုံဆွဲမှာလည်း ဖြစ်ပါတယ်။

NISAR ဟာ အနည်းဆုံး ၅ နှစ် အလုပ်လုပ်ဖို့ မျှော်လင့်ထားပြီး စုဆောင်းထားတဲ့ဒေတာကို ကမ္ဘာတဝန်းက သုံးစွဲသူတွေက လွတ်လွတ်လပ်လပ် ရနိုင်မှာဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနနဲ့ အန္တရာယ်တုံ့ပြန်မှုမှာ ပွင့်လင်းမြင်သာမှုနဲ့ လက်လှမ်းမီမှုတို့ကို မြှင့်တင်ဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှုတခုလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ အာကာသအတွင်း ကူးသန်းရောင်းဝယ်ရေးနဲ့ သိပ္ပံဆိုင်ရာ လုပ်ငန်းတွေကို ချဲ့ထွင်ဖို့ ပိုကျယ်ပြန့်တဲ့ အမြင်ရဲ့ တစိတ်တပိုင်းအနေနဲ့ အိန္ဒိယနိုင်ငံဟာ သူ့ကိုယ်ပိုင် အာကာသစခန်းကို ၂၀၃၅ ခုနှစ်မှာ တည်ဆောက်ဖို့ ရည်မှန်းထားပြီး အာကာသယာဉ်မှူးတွေကို လပေါ်လွှတ်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013