DVB Logo
Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ် ဆန္ဒပြကျောင်းသား သေဆုံးမှု ၁ နှစ်ကြာလာသော်လည်း တရားမျှတမှု မရသေး
DVB
·
August 1, 2025
ဘင်္ဂလားဒေ့ရှ် ဆန္ဒပြကျောင်းသား သေဆုံးမှု ၁ နှစ်ကြာလာသော်လည်း တရားမျှတမှု မရသေး
Donate to DVB

၂၀၂၄ ခုနှစ် ဇူလိုင် ၁၈ ရက်မှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေကြား အပြင်းအထန် ရုန်းရင်းဆန်ခတ်ဖြစ်ချိန် အသက် ၁၇ နှစ်အရွယ် ကျောင်းသား ဖာဟန် ဖိုင်ယာ့ဇ်ဟာ သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။

သူ့ရဲ့မိသားစုဟာ သူသေဆုံးပြီးကတည်းက သူ့အခန်းကို မထိမိအောင် ထိန်းသိမ်းထားခဲ့ပါတယ်။

မြို့တော်ဒါကာမှာ လက်နက်ကိုင်ရဲတွေနဲ့ တုတ်တွေ၊ ကျောက်တုံးတွေ ကိုင်ဆောင်ထားတဲ့ ထောင်ပေါင်းများစွာသော ကျောင်းသားတွေ ရုန်းရင်းဆန်ခတ်ဖြစ်လို့ သေဆုံးသူ ၁၁ ယောက်ထက် မနည်းထဲမှာ ဖိုင်ယာ့ဇ်လည်း ပါဝင်ခဲ့ပါတယ်။

အငြင်းပွားစရာ အစိုးရအလုပ်ခွဲတမ်းစနစ်ကို ဆန့်ကျင်တဲ့ ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေ စတည်းက အသေအပျောက်အများဆုံး မငြိမ်မသက်မှုနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဖြစ်ရပ်ဆိုးပြီးပြီးချင်းမှာပဲ ဖိုင်ယာ့ဇ်ရဲ့ အဒေါ်  နာဇီယာခန်းက “တရားမျှတမှုကို လိုချင်တယ်” ဆိုတဲ့ စာတန်းနဲ့အတူ သူ့ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပါတယ်။

ဒီပို့စ်ဟာ နာရီပိုင်းအတွင်း ပျံ့နှံ့သွားခဲ့ပြီး ထောင်ပေါင်းများစွာသော ကျောင်းသားတွေကို ညှို့ယူခဲ့ပြီး ခွဲတမ်းပြုပြင်ပြောင်းလဲမှုအတွက် ကနဦးတောင်းဆိုမှုကနေ ၀န်ကြီးချုပ် ဟာစီနာ နုတ်ထွက်ဖို့ ပိုကျယ်ပြန့်တဲ့ တောင်းဆိုမှုအဖြစ် ပြောင်းလဲခဲ့ပါတယ်။

ကြီးထွားလာတဲ့ မငြိမ်မသက်မှုတွေကို ထိန်းချုပ်ရေး ကြိုးပမ်းမှုအတွင်း အစိုးရက တနိုင်ငံလုံး အင်တာနက်ဖြတ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ လှုပ်ရှားမှုက ရပ်တန့်မသွားနိုင်ဘဲ အရှိန်ရနေခဲ့ပါတယ်။

ဖိုင်ယာ့ဇ်ရဲ့ဇာတ်လမ်းက အဲဒီအချိန်ကစပြီး ဘင်္ဂလားဒေ့ရှ်မှာ လူငယ်ဦးဆောင်တဲ့ ခုခံမှုရဲ့ အားကောင်းတဲ့ သင်္ကေတတခု ဖြစ်လာခဲ့ပြီး အဖြစ်ဆိုးအတွက်သာမက သူပါဝင်ခဲ့တဲ့ ရဲစွမ်းသတ္တိနဲ့ ခံယူချက်အတွက်ပါ သတိရစရာ ဖြစ်ခဲ့ပါတယ်။

နိုဘယ်လ်ဆုရှင် မူဟာမက်ဒ် ယူနွတ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် ယာယီအုပ်ချုပ်ရေးဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေအတွက် ဟာစီနာ အပါအဝင် ခေါင်းဆောင်ဟောင်းတွေကို ချုပ်ကိုင်ထားဖို့ ကတိပြုထားပါတယ်။

တာဝန်ခံရမယ့်အမှုတွေထဲမှာ ဟာစီနာ အစိုးရကို ဖြုတ်ချအပြီး ဖိုင်ယာ့ဇ်လို လူငယ်တွေ အနည်းဆုံး ငါးပုံတပုံပါတဲ့ လူပေါင်း ၁,၀၀၀ ကျော် သေဆုံးစေခဲ့တဲ့ မနှစ်က ဇူလိုင်လက ကျောင်းသား ဦးဆောင်တဲ့ လူထုအုံကြွမှုအတွင်း အကြမ်းဖက်ဖြိုခွင်းမှုလည်း ပါပါတယ်။

ဒါပေမဲ့ နူးရ်ခန်း လစ်တန် အပါအဝင် ထင်ရှားတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အများအပြားက ဆန္ဒပြမှုနဲ့ ဆက်နွှယ်တဲ့ သတ်ဖြတ်မှုတွေအပေါ် စုံစမ်းစစ်ဆေးတာ နှေးကွေးနေမှုကို ဝေဖန်ခဲ့ပြီး တရားမျှတမှု နှောင့်နှေးခြင်းဟာ စနစ်အပေါ် လူထုယုံကြည်မှုကို ပျက်ပြားစေတယ်လို့ သတိပေးထားပါတယ်။

“ဒီကလေးတွေဟာ အာဏာရှင်စနစ်နဲ့ အဂတိလိုက်စားမှု ကင်းစင်တဲ့ ပိုမိုကောင်းမွန်တဲ့ နိုင်ငံတခုအတွက် သူတို့ရဲ့အသက်ကို စွန့်ခဲ့တယ်” လို့ ဖိုင်ယာ့ဇ်ရဲ့ အဖေ ဘွီယန်က ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013