DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် မိုးသည်းထန်ပြီး ငဝန်မြစ်ရေတိုးသဖြင့် နေအိမ်အချို့ ရေနစ်မြုပ်
DVB
·
July 31, 2025
ပုသိမ်တွင် မိုးသည်းထန်ပြီး ငဝန်မြစ်ရေတိုးသဖြင့် နေအိမ်အချို့ ရေနစ်မြုပ်
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ငဝန်မြစ်ရေ တိုးလာတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေက နေအိမ်တွေ ရေနစ်မြုပ်ပြီး ဒေသခံတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၈ ရက်က စတင်ပြီး မိုးရွာသွန်းမှုနဲ့ ငဝန်မြစ်ရေ တိုးလာမှုကြောင့် ဇူလိုင် ၃၁ ရက် မနက်ပိုင်းအထိ ပုသိမ်မြို့ အမှတ် ၁၄ ရပ်ကွက်၊ ၁၄ လမ်း (၅) ထိပ်၊ ပတ္တာရပ်ကွက်၊ အမှတ် ၁၂ ရပ်ကွက်၊ အမှတ် ၁ ရပ်ကွက်တွေက လမ်းတွေ၊ နေအိမ်တွေ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။

ပုသိမ်ဒေသခံတယောက်က “လမ်းတွေ၊ အိမ်တွေ အကုန်ရေတက်မြုပ်နေတာ။ ဈေးရောင်းဈေးဝယ် လုပ်မရတဲ့အထိပါ ဖြစ်နေတယ်။ ရေက တက်လာတာပဲရှိတယ်၊ ပြန်ကျမသွားသေးဘူး။ ဈေးလှည့်ရောင်းရတဲ့အလုပ် ရေမြုပ်နေတော့ လုပ်မရလို့ စားဖို့သောက်ဖို့ အခက်အခဲ ဖြစ်တာပေါ့” လို့ ပြောပါတယ်။

ရပ်ကွက်နေသူတယောက်က “မိုးက ဒီနေ့မနက်ပိုင်းအထိ ရွာနေတုန်း။ ဒီအခြေအနေအတိုင်းဆို အလုပ်တောင် သွားမရတော့ မလွယ်ဘူး။ အနိမ့်ပိုင်းရပ်ကွက်တွေဆိုပေမဲ့ အခုရေကြီးတာက မနှစ်ကထက်ဆိုးတယ်။ အိမ်တွေရဲ့ အောက်ပိုင်းတွေအထိ တက်မြုပ်နေတာ” လို့ ပြောပါတယ်။

လက်ရှိ နေအိမ်တွေနဲ့ လမ်းတွေ ရေနစ်မြုပ်နေတဲ့ ရပ်ကွက်တွေထဲက နွမ်းပါး ဒေသခံ အိမ်ထောင်စု ၁၀၀ ခန့်ဟာ စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီ ရေနစ်မြုပ်နေတဲ့ ဒေသတွေကို စစ်ကောင်စီရဲ့ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေက ဇူလိုင် ၃၁ ရက်အထိ လာရောက်ထောက်ပံ့ကူညီတာ မရှိတဲ့အပြင် စာရင်းကောက်ယူတာတောင် မရှိဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013