DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် စစ်တပ်လက်နက်ကြီးထိမှန်ပြီး ၇ တန်းကျောင်းသား အပါအဝင် ၂ ဦး ဒဏ်ရာရ
DVB
·
July 31, 2025
ဘုတလင်တွင် စစ်တပ်လက်နက်ကြီးထိမှန်ပြီး ၇ တန်းကျောင်းသား အပါအဝင် ၂ ဦး ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲကို ဇူလိုင် ၃၀ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် ၇ တန်း ကျောင်းသားတယောက် အပါအဝင် ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေါင်းရာဇာ ပင်မသပိတ်စစ်ကြောင်းရဲ့ တာဝန်ခံတယောက်က “ဘုတလင်မြို့နယ်ထဲမှာရှိတဲ့ သမ္မန်းတောရွာထဲကို မုံရွာ နမခ ထဲကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျပြီး ပေါက်ကွဲခဲ့လို့ နေ့လယ် ကျောင်းဆင်းချိန် ကျောင်းကနေပြန်လာတဲ့ အသက် ၁၄ နှစ်လောက်ရှိတဲ့ ၇ တန်းကျောင်းသားတယောက်နဲ့ အသက် ၃၀ ကျော်ရှိတဲ့ အမျိုးသားတယောက်တို့ ဒဏ်ရာရခဲ့ပါတယ်” လို့ ပြောပါတယ်။

၇ တန်းကျောင်းသားရဲ့ ဘယ်ဘက်ခြေထောက်နဲ့ အသက် ၃၀ ကျော် အမျိုးသားရဲ့ ညာဘက်ခြေထောက်တွေမှာ ဗုံးစတွေ ထိမှန်ခဲ့တာဖြစ်ပြီး အသက်အန္တရာယ် မစိုးရိမ်ရပေမဲ့ ဒဏ်ရာပြင်းထန်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

မုံရွာမြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (မုံရွာ နမခ) ထဲကနေ အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဘုတလင်မြို့နယ် ပကဖ စစ်ရေးတာဝန်ခံ ကိုကြွက်ကလေးက “မုံရွာနဲ့ ဘုတလင်က နယ်မြေချင်း ဆက်စပ်နေတာ။ အခု လက်နက်ကြီးကျတဲ့ သမ္မန်းတောရွာဆိုရင် မုံရွာမြောက်ဘက် ၅ မိုင်ဝန်းကျင်လောက်ပဲဝေးတယ်။ အဲဒီတုန်း နမခ ထဲက ပစ်တဲ့ လက်နက်ကြီးတွေက အချက် ၂၀ နီးပါးရှိတယ်။ ပစ်မှတ်မရှိဘဲ ရွာတွေဘက်ကို ရမ်းပစ်နေတာ။ တိုက်ပွဲဖြစ်နေတာလည်း မရှိဘူး။ အဲဒီ သမ္မန်းတောရွာထဲကို ကျည် ၂ လုံး ကျတယ်။ အိမ်တွေတော့ ဆိုးဆိုးရွားရွား ပျက်စီးတာ မရှိပါဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (မုံရွာ နမခ) ထဲကနေ ကျေးရွာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေအပြင် စက်တပ်လေထီးတွေနဲ့ပါ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေလို့ အနီးဝန်းကျင်ကျေးရွာတချို့က ဒေသခံပြည်သူတွေဟာ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ပြောင်းရွှေ့ နေထိုင်နေကြရတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013