DVB Logo
Home
မြန်မာသတင်း
“What happened to the Wolf?” ရုပ်ရှင် နယူးယောက်တွင် ထပ်တိုးပွဲပြသ
DVB
·
July 31, 2025
“What happened to the Wolf?” ရုပ်ရှင် နယူးယောက်တွင် ထပ်တိုးပွဲပြသ
1 / 11
Donate to DVB

ဒါရိုက်တာဏကြီး ရိုက်ကူးထားပြီး အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုနဲ့ အောင်မြင့်မြတ်တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ “What happened to the Wolf?” ရုပ်ရှင်ထပ်တိုးပွဲကို ဒေသစံတော်ချိန် ဇူလိုင် ၃၀ ရက် ညနေပိုင်းက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ Regal Union Square Theater မှာ ထပ်မံပြသခဲ့ပါတယ်။ 

ဇူလိုင် ၁၆ ရက် ပထမအကြိမ်ပြသရာမှာ ပရိသတ်အားပေးမှုများခဲ့တာကြောင့် ဒုတိယအကြိမ် ထပ်တိုးပွဲ စီစဉ်ပြသခဲ့ရတာဖြစ်ပြီး ပထမအကြိမ်ကအတိုင်း ပရိသတ်တွေ အားပေးခဲ့ကြတာ တွေ့ရပါတယ်။

What Happened to the Wolf?” ရုပ်ရှင်ဟာ “မီ”ရုပ်ရှင် အပြီး ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ရဲ့ ဒုတိယမြောက်ရုပ်ရှင် ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုမတိုင်ခင် ၂၀၂၀ မှာ ရိုက်ကူးပြီးစီးခဲ့ပြီး ပြည်တွင်းမှာ ရုံတင်ပြသဖို့ အဆင်မပြေတော့တဲ့အတွက် နိုင်ငံတကာမှာ ပြသနေတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ရဲ့ World Premiere ကို ဂျာမဏီနိုင်ငံ၊ Oldenburg မြို့မှာ ကျင်းပခဲ့တဲ့ Internationales Filmfest Oldenburg (2021) မှာ ပြသခဲ့တာမှာ Seymour Cassel Award (Internationales Filmfest Oldenburg, 2021, Best Narrative Feature Award (Dili International Film Festival, 2021) နဲ့ Best Film Award (Hobnobben Film Festival, 2022) ဆုတွေကို ရရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013