DVB Logo
Home
နိုင်ငံတကာ
ဩစတြေးလျတွင် ဆယ်ကျော်သက် ဆိုရှယ်မီဒီယာသုံးခွင့် ပိတ်ပင်မှု၌ ယူကျု ပါဝင်ဖွယ်ရှိ
DVB
·
July 30, 2025
ဩစတြေးလျတွင် ဆယ်ကျော်သက် ဆိုရှယ်မီဒီယာသုံးခွင့် ပိတ်ပင်မှု၌ ယူကျု ပါဝင်ဖွယ်ရှိ
Donate to DVB

ဩစတြေးလျဟာ အသက် ၁၆ နှစ်အောက် ကလေးတွေအတွက် ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မှုတွေမှာ ယူကျုလည်း ပါဝင်လာဖွယ် ရှိပါတယ်။

ဩစတြေးလျဟာ ကမ္ဘာ့ပထမဆုံး ဆိုရှယ်မီဒီယာပိတ်ပင်တဲ့ နိုင်ငံဖြစ်ပြီး TikTok၊ Instagram၊ Facebook၊ X၊ Snapchat စတဲ့ ဆိုရှယ်မီဒီယာတွေကို ဒီဇင်ဘာလကစပြီး ပိတ်ပင်မှာ ဖြစ်ပါတယ်။

ဒီပိတ်ပင်မှုအောက်မှာ ဆယ်ကျော်သက်တွေဟာ ယူကျု ဗွီဒီယိုတွေကို ကြည့်ရှုနိုင်မှာဖြစ်ပေမဲ့ သူတို့မှာ အကောင့်ဖွင့်ခွင့်တော့ ရှိမှာမဟုတ်ပါဘူး။

ယူကျုကို ပိုင်ဆိုင်တဲ့ Google က ကလေးတွေကို ယူကျုသုံးခွင့် မပိတ်ပင်သင့်ကြောင်း တိုက်တွန်းထားပြီး ယူကျုဟာ ဩစတြေးလျလူငယ်တွေအတွက် အကျိုးကျေးဇူးနဲ့ တန်ဖိုးရှိတဲ့အကြောင်း တိုက်တွန်းထားပါတယ်။

Google က ထုတ်ပြန်တဲ့ ဗုဒ္ဓဟူးနေ့ ကြေညာချက်ထဲမှာ ယူကျုက ဆိုရှယ်မီဒီယာတခု မဟုတ်ကြောင်း ပါရှိပါတယ်။

ဆယ်ကျော်သက်တွေကို ဆိုရှယ်မီဒီယာ အသုံးပြုခွင့်ပိတ်တဲ့ ဥပဒေကို ကမ္ဘာ့နိုင်ငံတွေကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

နော်ဝေနိုင်ငံကလည်း အလားတူပိတ်ပင်မှု ပြုလုပ်တဲ့အကြောင်း ကြေညာထားသလို ဗြိတိန်နိုင်ငံကလည်း အဲဒီလိုလုပ်ဖို့ စဉ်းစားနေပါတယ်။

ဩစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီက “ဆိုရှယ်မီဒီယာဟာ ကျနော်တို့ ကလေးငယ်တွေကို လူမှုရေးဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ ကျနော်တို့ သူတို့ကို ထောက်ခံတယ်ဆိုတာ ဩစတြေးလျမိဘတွေကို သိစေချင်ပါတယ်” လို့ ပြောပါတယ်။

ဩစတြေးလျရဲ့ အီလက်ထရောနစ်လုံခြုံရေး ကော်မရှင်နာ ဂရန့်က အသက် ၁၀ နှစ်ကနေ ၁၅ နှစ်အရွယ်ရှိ ကလေးတွေအတွက် အန္တရာယ်ဖြစ်စေတဲ့ Content တွေ ဖြစ်စေတာကြောင့် ယူကျုကိုလည်း ပိတ်ပင်တဲ့စာရင်းမှာ ထည့်သင့်တယ်လို့ ပြီးခဲ့တဲ့လက အဆိုပြုထားပါတယ်။

ပြီးခဲ့တဲ့အပတ်ကတော့ ယူကျုကို ပိတ်ပင်မှုစာရင်းထဲ ထည့်ပါက Google က အစိုးရကို တရားစွဲမယ်လို့ ဩစတြေးလျမီဒီယာတွေက ဖော်ပြကြပါတယ်။

ဩစတြေးလျရဲ့ လူမူကွန်ရက် ကန့်သတ်မှုထဲမှာ အသက်ကန့်သတ်ချက်ကို မပြုလုပ်ပါက နည်းပညာကုမ္ပဏီတွေက ဒေါ်လာ ၃၂ ဒသမ ၅ သန်း ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။

နည်းပညာကုမ္ပဏီတွေအနေနဲ့ ရှိပြီးသားအကောင့်တွေကို ဖျက်သိမ်းဖို့နဲ့ အကောင့်သစ် ပိတ်ပင်ခြင်း၊ အမှားတွေကို ပြင်ဆင်ပြီး ပတ်ဝန်းကျင်ထိခိုက်မှုကို ရပ်တန့်ရမယ်လို့လည်း ဖော်ပြပါတယ်။

ဩစတြေးလျရဲ့ ဆိုရှယ်မီဒီယာပိတ်ပင်မှု အပြည့်အစုံကတော့ ပါလီမန်မှာ အတည်ပြုမှုအပေါ် မူတည်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013