DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင်မြန်မာ ၄၂ ဦး ဖမ်းဆီးခံရ 
DVB
·
July 30, 2025
ကန်ကျနပူရီတွင် တရားမဝင်မြန်မာ ၄၂ ဦး ဖမ်းဆီးခံရ 
1 / 10
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၂ ယောက် ဖမ်းဆီးခံရတယ်လို့  ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဇူလိုင် ၂၉ ရက်က ကန်ကျနပူရီခရိုင် ထောင်းဖာဖုမ်းမြို့နယ်ထဲမှာ တရားမဝင် အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံး၊ နယ်မြေခံရဲ၊ လဝကရဲ၊ နယ်ခြားစောင့်တပ်နဲ့ ရပ်ကျေးလုံခြုံရေးအဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်မြေထဲမှာ လုံခြုံရေး စောင့်ကြပ်စစ်ဆေးခဲ့ပါတယ်။ 

ညနေ ၆ နာရီလောက်မှာတော့ ကြိုတင်သတင်းရထားတဲ့ကားနဲ့ သဏ္ဌာန်တူ ငွေရောင် နစ်ဆန်ပစ်ကပ်ကားတစီးနဲ့ အဖြူရောင်မှန်လုံကားတစီးတို့ဟာ ဆန်ခလပူရီမြို့နယ် ဘက်ကနေ မောင်းဝင်လာတယ်၊ ကား ၂ စီးဟာ တစီးနဲ့တစီး စောင့်ဆိုင်းလာကြပြီး စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်သွားတယ်၊ တာဝန်ရှိသူတွေက အနောက်က ကားနဲ့လိုက်သွားရာမှာ အရှိန်မြှင့်ပြီး ဆက်မောင်းသွားတယ်၊ တာဝန်ရှိသူတွေက အဖွဲ့ ၂ ဖွဲ့ခွဲပြီး အဆိုပါကားနောက် လိုက်ရာမှာတော့ နစ်ဆန်ပစ်ကပ်ကားကို ထာ့ခနွန်အုပ်စု ရေဒါတောင်အနီး လမ်းဘေးနဲ့ မှန်လုံကားကိုတော့ ထောင်းဖာဖုမ်းမြို့ စားသောက်ဆိုင်တဆိုင်ရှေ့မှာ ရပ်နားထားတဲ့ အနေအထားနဲ့ တွေ့ရှိပါတယ်။ ဒါပေမဲ့ ယာဉ်မောင်းတွေတော့ မတွေ့ရပါဘူးလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ကားပေါ်စစ်ဆေးရာမှာ နစ်ဆန်ပစ်ကပ်ကားပေါ်ကနေ တရားမဝင် မြန်မာ ၉ ယောက်၊ မှန်လုံကားထဲကနေ ပြည့်သိပ်လိုက်ပါလာသူ ၃၃ ယောက်  စုစုပေါင်း  ၄၂ ယောက် တွေ့ရှိတယ်၊ အဲဒီထဲမှာ အမျိုးသား ၂၉ ယောက်၊ အမျိုးသမီး ၁၁ ယောက်နဲ့ ကလေး ၂  ယောက် ပါဝင်ပြီး  မလေးရှားနိုင်ငံကို သွားဖို့အတွက် တောလမ်းကနေ ခြေလျင်လျှောက် ဝင်လာတယ်၊ အဲဒီနောက် ဆန်ခလပူရီမှာ လှေစီးရတယ်၊ ကမ်းပေါ်ရောက်တော့ ကားနဲ့လာကြိုတယ်၊ ပွဲစားကို တယောက် ဘတ် ၁၀,၀၀၀ မှ ၂၀,၀၀၀ ထိ ပေးရပေမဲ့ ခုလိုဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သူတို့ကို လဝကဥပဒေနဲ့ အရေးယူဖို့ ထောင်းဖာဖုမ်းမြို့နယ်ရဲစခန်းကို ခေါ်ဆောင်သွားပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ ကားသမားကိုလည်း ဖမ်းဆီးအရေးယူဖို့ ဆက်လက် စုံစမ်းရှာဖွေနေတယ်လို့  သတင်းမှာ ဖော်ပြပါတယ်။

Source : Jocho News / kanchanaburi News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013