DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် ရိက္ခာသယ်ရန်လာသည့် ပျူစောထီး ၂ ဦးအား ဖမ်းဆီး
DVB
·
July 29, 2025
ပခုက္ကူတွင် ရိက္ခာသယ်ရန်လာသည့် ပျူစောထီး ၂ ဦးအား ဖမ်းဆီး
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာ ဇူလိုင် ၂၉ ရက်က ပျူစောထီးရွာတရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့အချိန်မှာ ရိက္ခာသယ်ဖို့ထွက်လာတဲ့ ပျူစောထီး ၂ ယောက် ဖမ်းမိခဲ့တယ်လို့ Rocket Fighter အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရွာအတွင်းမှာ ပျူစောထီးအင်အား ၁၀၀ ဝန်းကျင်ရှိပြီး အဲဒီရွာအတွင်းကနေ တခြားကျေးရွာတွေ အတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခြိမ်းခြောက်တာတွေ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

“တရွာလုံးက ပျူစောထီးတွေပါ။ သူတို့က ပျူရွာအချင်းချင်း တရွာနဲ့ တရွာ ရိက္ခာထွက်သယ်ကြတာ။ အရင်လည်း အဲ့လို ရိက္ခာသယ်လေ့ရှိတော့ ဒီတခေါက်မှာ ကင်းပုန်းဝပ်ပြီး လက်ဦးမှုယူ ဖမ်းဆီးလိုက်တာပါ။”

ဖမ်းဆီးခံရသူတွေက အသက် ၁၈ နှစ်အရွယ် ကျော်သူဝင်းနဲ့ အသက် ၁၇ နှစ်အရွယ် ထွန်းဇော်မင်းလို့ သိရပြီး လက်ရှိမှာတော့ တရားဥပဒေအရ ဖမ်းဆီးထိန်းသိမ်း အရေးယူဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

ဒ့ါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပါအဝင် စစ်‌ကောင်စီဒေါက်တိုင်အားလုံး အနေနဲ့လည်း ပြည်သူ့ရင်ခွင် ခိုလှုံမယ် ဆိုပါက ကြိုဆိုနေတယ်လို့လည်း တာဝန်ရှိသူက ပြောပါတယ်‌။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်ခိုက်မှုကြောင့် ပျူစောထီးရွာအတွင်းက ထိခိုက်ပျက်စီးမှုကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Rocket Fighter အဖွဲ့နဲ့အတူ တခြား နယ်မြေခံ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013