DVB Logo
Home
မြန်မာသတင်း
မြိုင်တွင် အစုလိုက်သတ်ဖြတ်ခံထားရသည့် အရပ်သား ၁၂ ဦးအလောင်းများ တွေ့ရှိ
DVB
·
October 5, 2026
Photo : အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်
Photo : အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ပျူစောထီးအဖွဲ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားတဲ့ အရပ်သား ၁၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို အောက်တိုဘာ ၄ ရက်မှာ တူးဖော်တွေ့ရှိခဲ့တယ်လို့ အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၃ ခုနှစ် ဇွန် ၉ ရက် မနက်က မြိုင်မြို့နယ် စက်မှု ၂ မှ ဝဲတူးဘက်ကို ထွက်ခွာလာတဲ့စစ်ကြောင်းဟာ ဂွေးကုန်းကျေးရွာက ပြည်သူ ၉ ယောက်၊ မကျီးကုန်းကျေးရွာက တယောက်၊ သံချောင်းကျေးရွာက တယောက်နဲ့ မကျည်းကန်ကျေးရွာက တယောက် စုစုပေါင်း အရပ်သား ၁၂ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကို ဇွန် ၁၁ ရက်မှာ ပျူစောထီးတွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ၂၀၂၄ ခုနှစ် ဩဂုတ်လက သိမ်းပိုက်ရရှိခဲ့တဲ့ ဝက်ပုတ်ပျူစောထီးစခန်းက မှတ်စုစာအုပ်တွေအရ သိရှိခဲ့ရပေမဲ့ အဓိကသက်သေဖြစ်တဲ့ ရုပ်အလောင်းတွေကို အခုမှ ရှာဖွေတွေ့ရှိခဲ့တာလို့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၄ ရက်မှာ တောတောင်အတွင်း မှိုရှာဖွေတဲ့ ရွာသားတယောက်ရဲ့ သတင်းပေးပို့ချက်အရ ဒေသတာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုရာ မြေကျင်း ၂ ခုအတွင်း အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ ရုပ်အလောင်း ၁၂ လောင်းကို တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။

ရုပ်အလောင်းတွေနဲ့အတူ တွေ့ရှိရတဲ့ မှတ်ပုံတင်၊ ကျောင်းသားကတ်နဲ့ မွေးစာရင်းတွေအရ ဂွေးကုန်းရွာမှ ဖမ်းဆီးခံရသူတွေဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး သတ်ဖြတ်မှုကို ဝက်ပုတ်ရွာ ပျူစောထီးခေါင်းဆောင် ဝင်းငွေနဲ့ ဗိုလ်ဘိုဖြူတို့က ကျူးလွန်ခဲ့တာလို့ အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) အဖွဲ့က ထုတ်ပြန်ပါတယ်။

အလောင်းတွေဟာ အရိုးတွေပဲကျန်ပြီး ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ အသက် ၁၅ နှစ်ကနေ ၆၁ နှစ်အရွယ်အမျိုးသားတွေဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013