DVB Logo
Home
နိုင်ငံတကာ
တရုတ်တွင် ကလေးမွေးနှုန်း ပြန်တက်ရန် ဒေါ်လာ ၁,၅၀၀ အထိ ထောက်ပံ့မည်
DVB
·
July 29, 2025
တရုတ်တွင် ကလေးမွေးနှုန်း ပြန်တက်ရန် ဒေါ်လာ ၁,၅၀၀ အထိ ထောက်ပံ့မည်
Donate to DVB

တရုတ်နိုင်ငံမှာ အသက် ၃ နှစ်အောက် ကလေးတယောက်ချင်းစီရဲ့ မိဘတိုင်းအတွက် တနှစ်ကို ဒေါ်လာ ၅၀၀ (ယွမ် ၃,၆၀၀) ထောက်ပံ့ကြေး ပေးအပ်သွားမယ်လို့ ဇူလိုင် ၂၈ ရက်က ကြေညာလိုက်ပါတယ်။

အခုလိုမျိုး ထောက်ပံ့ကြေးပေးအပ်မယ့် အစီအစဉ်က မိသားစုပေါင်း သန်း ၂၀ ဝန်းကျင်ကို ကလေးပြုစုစောင့်ရှောက်ရာမှာ အကူအညီဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဒုတိယစီးပွားရေးအကြီးမားဆုံးနိုင်ငံမှာ လူဦးရေကျဆင်းမှုနဲ့ ရင်ဆိုင်နေရတဲ့အလျောက် ကလေးမွေးဖွားနှုန်း မြင့်တက်လာစေဖို့ ရည်ရွယ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ပထမဆုံး အကောင်အထည်ဖော်မယ့် အစီအစဉ်လည်း ဖြစ်ပါတယ်။

အာဏာရကွန်မြူနစ်ပါတီက “တအိမ်ထောင် ကလေးတယောက်” မူဝါဒကို ပယ်ဖျက်ခဲ့တာ ဆယ်စုနှစ်တခုနီးပါးရှိပြီ ဖြစ်ပေမဲ့လည်း မွေးဖွားနှုန်း ဆက်ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက ဗဟိုအစိုးရမူဝါဒအတိုင်း စတင်အသက်သွင်းခဲ့တာဖြစ်ပြီး တချို့ပြည်နယ်တွေမှာ ကလေးပိုပြီးယူနိုင်အောင် ငွေကြေးထောက်ပံ့မှု ပုံစံမျိုးစုံကို ရှေ့ပြေးအစီအစဉ်အဖြစ် စမ်းသပ်ဆောင်ရွက်နေပါတယ်။

အခုတခေါက်မှာတော့ တရုတ်ဗဟိုအစိုးရရဲ့ ထုတ်ပြန်ချက်အရ မိဘတွေဟာ ကလေးတယောက်ချင်းစီအတွက် ယွမ်ငွေ ၁၀,၈၀၀ အထိ ထောက်ပံ့ကြေး ရနိုင်ပါတယ်။

၂၀၂၂ ကနေ ၂၀၂၄ ခုနှစ်အတွင်း မွေးဖွားတဲ့ ကလေးတွေရဲ့ မိသားစုတွေကလည်း ထောက်ပံ့ကြေး တစိတ်တပိုင်းကို လျှောက်ထားနိုင်တယ်ဆိုပြီး ဖော်ပြထားပါတယ်။

ဒါ့အပြင် ပေကျင်းအစိုးရက အခမဲ့မူကြိုပညာရေးစနစ် အကောင်အထည်ဖော်နိုင်ဖို့ မူကြမ်းရေးဆွဲထားဖို့ရာ ပြည်နယ်အုပ်ချုပ်သူတွေကို တိုက်တွန်းထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်း တရုတ်လူဦးရေဟာ ၃ နှစ်ဆက်တိုက် ကျဆင်းခဲ့ပေမဲ့လည်း ကလေးဦးရေ ၉ ဒသမ ၅၄ သန်းအထိ စံချိန်တင်မွေးဖွားခဲ့ကြောင်း တရားဝင် ကိန်းဂဏန်းတွေအရ သိရပါတယ်။

ဒါပေမဲ့လည်း တရုတ်ပြည်မကြီးမှာ ကလေးတယောက်ကို အသက် ၁၇ နှစ်အထိ ပျိုးထောင်မယ်ဆိုရင် ပျမ်းမျှကုန်ကျစရိတ်က ဒေါ်လာ ၇၅,၇၀၀ လောက် ရှိနိုင်တယ်ဆိုပြီး စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။

တရုတ်လူဦးရေ ၁ ဒသမ ၄ ဘီလီယံထဲမှာလည်း အသက်အရွယ်ကြီးရင့်သူတွေ များပြားလာတဲ့အလျောက် အာဏာပိုင်တွေရဲ့ စိုးရိမ်မှု မြင့်တက်လာခဲ့ပါတယ်။

YuWa - ယုဟွ လူဦးရေဆိုင်ရာ သုတေသနအဖွဲ့ရဲ့ လေ့လာမှုအရတော့ ကမ္ဘာပေါ်က ကလေးပြုစု ပျိုးထောင်ဖို့ ကုန်ကျစရိတ်အများဆုံး နေရာတွေထဲမှာ တရုတ်နိုင်ငံကို ထည့်သွင်းထားတာ တွေ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013