DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် အမှန်တကယ် ငတ်မွတ်နေပြီး စားနပ်ရိက္ခာစင်တာများ ထူထောင်မည်ဟု  ထရမ့်ပ်ပြော
DVB
·
July 29, 2025
ဂါဇာတွင် အမှန်တကယ် ငတ်မွတ်နေပြီး စားနပ်ရိက္ခာစင်တာများ ထူထောင်မည်ဟု  ထရမ့်ပ်ပြော
Donate to DVB

ဂါဇာမှာ ကလေးတွေဟာ အရမ်းဆာလောင်နေပုံရပြီး တကယ် ငတ်မွတ်ခေါင်းပါးနေတာလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မှတ်ချက်ချခဲ့ပါတယ်။

အကူအညီ အလွယ်တကူ ရယူနိုင်ဖို့ အတားအဆီးတွေ၊ ခြံစည်းရိုးတွေ မရှိတဲ့ စားနပ်ရိက္ခာစင်တာတွေ ထူထောင်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဂါဇာမှာ အငတ်ဘေးဆိုက်နေတယ် ဆိုတာမျိုး မရှိဘူး။ ဂါဇာမှာ အငတ်ဘေး ပိုဆိုးအောင် အစ္စရေးက မီးထိုးပေးနေတယ် ဆိုတာဟာ မျက်နှာပြောင်တိုက် လိမ်လည်မှုသာဖြစ်တယ်လို့  အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားခဲ့မှုနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို မေးမြန်းခဲ့ရာမှာ အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့  ဇူလိုင် ၂၈ ရက်မှာတော့ ဂါဇာက အခြေအနေတွေ ခက်ခဲနေပြီးတော့ အကူအညီတွေ ပေးပို့နိုင်ရေး သေချာစေဖို့ အစ္စရေးက လက်တွဲဆောင်ရွက်သွားမယ်လို့ နေတန်ယာဟုက ပြင်ဆင်ပြောကြားခဲ့ပါတယ်။

နေတန်ယာဟုရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ “ကျုပ်တော့ မသိဘူး။ ဒီကလေးတွေ အရမ်းဆာလောင်နေပုံပဲ၊ ဒါ တကယ့်အငတ်ဘေးပါပဲ” လို့ မှတ်ချက်ချခဲ့တာဖြစ်ပါတယ်။

“အဲဒီမှာ ဘယ်သူမှ ဟုတ်တိပတ်တိ ဘာမှမလုပ်နိုင်ဘူး။ အခြေအနေတခုလုံးက ရှုပ်ယှက်ခတ်နေတာ၊ သူတို့ တခြားနည်းလမ်းနဲ့ လုပ်သင့်တယ်လို့ ကျုပ်ပြောခဲ့ပါတယ်” လို့ ထရမ့်ပ်က စကော့တလန်မှာ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။

ဂါဇာက ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပိုပေးသွားဖို့ အမေရိကန်က တခြားနိုင်ငံတွေနဲ့ လက်တွဲလုပ်သွားမယ်လို့လည်း ထရမ့်ပ်က ဆိုပါတယ်။

အစားအသောက်စင်တာတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ မကြာခင် ထုတ်ပြန်ပေးသွားမယ်လို့ အိမ်ဖြူတော်က ကြေညာပါတယ်။

၂၄ နာရီအတွင်း အငတ်ဘေးကြောင့် ၁၄ ယောက် သေဆုံးတယ်လို့ ဂါဇာကျန်းမာရေးဌာနက ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ပွဲကာလအတွင်း ငတ်လို့သေတဲ့သူ ၁၄၇ ယောက်အထိ ရှိလာပြီး အဲဒီထဲက ၈၈ ယောက်ဟာ ကလေးတွေဖြစ်ကာ သေဆုံးသူ အများစုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013