DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်မှ အကျဉ်းသား ၂၀၀ ခန့် မြောင်းမြထောင်ကို ပြောင်းရွှေ့
DVB
·
July 29, 2025
အင်းစိန်ထောင်မှ အကျဉ်းသား ၂၀၀ ခန့် မြောင်းမြထောင်ကို ပြောင်းရွှေ့
Donate to DVB

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်ကနေ ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင်ကို အကျဉ်းသား အယောက် ၂၀၀ လောက် အရေးပေါ်ပြောင်းရွှေ့လာတယ်လို့ မြောင်းမြအကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အင်းစိန် အကျဉ်းထောင်ထဲက အကျဉ်းသား ၂၀၀ လောက်ကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် အများအပြား လုံခြုံရေးလိုက်ပါပြီး ဇူလိုင် ၂၇ ရက်က Express ကား ၆ စီးနဲ့ ပြောင်းရွှေ့လာတာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။

“လုံခြုံရေးနဲ့သက်ဆိုင်တဲ့ ကိစ္စရှိလို့ ပြောင်းတာလို့ သိရတယ်။ အကျဉ်းသားတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ထုတ်မပြောဖို့ ပိတ်ထားတာ။ ပြောင်းတာတောင် တိတ်တဆိတ်ပြောင်းဖို့ စီစဉ်ခဲ့တာ။”

မြောင်းမြအကျဉ်းထောင်ကို ပြောင်းရွှေ့လာတဲ့ အကျဉ်းသားတွေထဲမှာ နှစ်ကြီးပြစ်ဒဏ် ချမှတ်ခံထားရတဲ့ အကျဉ်းသားအယောက် ၆၀ ကျော်အထိပါပြီး လတ်တလောအနေနဲ့ မြောင်းမြအကျဉ်းထောင်မှာ အကျဉ်းသားမိသားစုတွေ ဧည့်တွေ့ခွင့် ခေတ္တပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

အင်းစိန်အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က “ပြစ်ဒဏ် ၁၀ နှစ် ၁၅ နှစ်နဲ့အထက် အကျဉ်းသားတွေကို ခေါ်ထုတ်သွားတာလို့ သိရတယ်။ ရိုးရိုးသားသား အကျဉ်းထောင်ပြောင်းတာ မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ နိုင်ငံရေး အကျဉ်းသားတွေပါတယ်”လို့ ပြောပါတယ်။ 

အင်းစိန်အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ထောင်ပြောင်းရွှေ့တာတွေ မကြာခဏလုပ်လေ့ရှိပြီး ဧရာဝတီတိုင်းဘက်ကို ပြောင်းရွှေ့တာ အလွန်နည်းပါးတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။ 

အင်းစိန် အကျဉ်းထောင်ထဲက အကျဉ်းသားတွေကို မြောင်းမြအကျဉ်းထောင်ကို ပြောင်းရွှေ့ခံရတာကြောင့် ရန်ကုန်မှာရှိတဲ့ နွမ်းပါးအကျဉ်းသား မိသားစုတွေအနေနဲ့ ဧည့်တွေ့ခွင့်နဲ့ ပါဆယ်ပစ္စည်းပေးပို့ခွင့်အတွက် အခက်ကြုံလာရတယ်လို့ ဆိုပါတယ်။

မြောင်းမြအကျဉ်းထောင်ထဲမှာ ဇူလိုင်လ ဒုတိယအပတ်အထိ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား အယောက် ၁,၇၀၀ ကျော်အထိရှိပြီး လက်ရှိ အကျဉ်းသားအယောက် ၂၀၀ ခန့်နဲ့ဆိုအ ကျဉ်းသား အယောက် ၂၀၀၀ ဝန်းကျင်အထိရှိပြီလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013