DVB Logo
Home
အားကစား
မန်စီးတီးနှင့် အဆင်မပြေဖြစ်နေသည့် ဂရေးလစ်ရှ်ကို ခေါ်ယူရန် အဲဗာတန် ကြိုးပမ်း
DVB
·
July 29, 2025
မန်စီးတီးနှင့် အဆင်မပြေဖြစ်နေသည့် ဂရေးလစ်ရှ်ကို ခေါ်ယူရန် အဲဗာတန် ကြိုးပမ်း
Donate to DVB

အဲဗာတန်အသင်းဟာ မန်စီးတီးမှာ အဆင်မပြေဖြစ်နေတဲ့ တောင်ပံကစားသမား ဂျက်ဂရေးလစ်ရှ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

အင်္ဂလန်ကစားသမားဟာ နည်းပြ ပတ်ဂွါဒီယိုလာရဲ့ အနာဂတ်အစီအစဉ်မှာ ပါဝင်ခြင်းမရှိတော့သူ ဖြစ်ပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားခဲ့တဲ့ ၂၇ ယောက် လူစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရသူပါ။

အသင်းသစ်ရှာဖွေနေတဲ့ ဂရေးလစ်ရှ်ကို အဲဗာတန်အသင်းက အငှားစာချုပ်နဲ့ ခေါ်ယူလိုနေပြီး လုပ်ခလစာ အပါအဝင် တခြား အသေးစိတ်အချက်တွေကို မန်စီးတီးအသင်းနဲ့ ဆွေးနွေးသွားဖို့ ရှိပါတယ်။

ဂရေးလစ်ရှ်ဟာ တပတ်လုပ်ခ ပေါင် ၃ သိန်းနဲ့ ၂ နှစ်စာချုပ်သက်တမ်း ကျန်ရှိနေသူပါ။ ၂၀၂၁ ခုနှစ်က ဗီလာကနေ ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာသူ ဂရေးလစ်ရှ်ဟာ မန်စီးတီးနဲ့ ၄ နှစ်တာ ကာလအတွင်းမှာ ၁၅၇ ပွဲ ကစားခဲ့ပြီး ၁၇ ဂိုးသွင်း၊ ၂၃ ကြိမ် ဂိုးဖန်တီးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013