DVB Logo
Home
နိုင်ငံတကာ
ကွန်ဂိုတွင် ကာလဝမ်းရောဂါ ကူးစက်ခံရသူ ၃၅,၀၀၀ ကျော်နှင့် သေဆုံးသူ ၇၀၀ ကျော်ရှိ
DVB
·
July 28, 2025
ကွန်ဂိုတွင် ကာလဝမ်းရောဂါ ကူးစက်ခံရသူ ၃၅,၀၀၀ ကျော်နှင့် သေဆုံးသူ ၇၀၀ ကျော်ရှိ
Donate to DVB

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) မှာ ကာလဝမ်းရောဂါ ကူးစက်ပြန့်ပွားနေလို့ အခုနှစ်အစပိုင်းက စပြီး ကူးစက်ခံရသူ ၃၅,၀၀၀  ကျော်နဲ့ သေဆုံးသူ ၇၀၀ ကျော် ရှိခဲ့ပါတယ်။

ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေ၊ သန့်ရှင်းရေး ညံ့ဖျင်းမှုနဲ့ နိုင်ငံအရှေ့ဘက်က နေရာရွှေ့ပြောင်းရေး အကျပ်အတည်းကြောင့် ကူးစက်ခံဦးရေ တိုးလာရတာပါ။

ဇန်နဝါရီလကတည်းက ကွန်ဂိုမှာ ဘက်တီးရီးယားကြောင့် ကူးစက်တဲ့ ရောဂါရှိသူဦးရေ မြင့်တက်လာခဲ့ပါတယ်။ နိုင်ငံရဲ့ အရှေ့ဘက်က ပဋိပက္ခတွေ အပါအဝင် ကူးစက်မှု တိုးလာရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိနေတာပါ။

အရှေ့မြောက်ပိုင်းက ချိုပိုပြည်နယ်နဲ့ မြို့တော် ကင်ရှာဆာတို့မှာ ကာလဝမ်းရောဂါဖြစ်ပွားမှု အများအပြားကို အစီရင်ခံထားပါတယ်။

ကာလဝမ်းရောဂါဟာ ဘက်တီးရီးယားတချို့နဲ့ ညစ်ညမ်းတဲ့ ရေသောက်ခြင်း၊ အစာစားခြင်းတို့ကနေ ကူးစက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အာဖရိကဒေသဆိုင်ရာ ဒါရိုက်တာ မိုဟမ်မဒ် ယာကဘ် ဂျာနာဘီဟာ ကင်ရှာဆာမြို့တော်က ကုသရေးဌာနတခုဆီ သွားရောက်စစ်ဆေးခဲ့တာမှာ ရောဂါဖြစ်ပွားမှု မြင့်တက်လာပေမဲ့ ရောဂါဖြစ်ပွားမှုကို အဆုံးသတ်ဖို့ အကောင်းမြင်ထားတယ်လို့ ပြောပါတယ်။

“ကာလဝမ်းရောဂါဟာ တကိုယ်ရေ သန့်ရှင်းမှုပါ။ ကျနော်တို့အနေနဲ့ ကာလဝမ်းရောဂါကို တိုက်ဖျက်နိုင်ရေးအတွက် လက်ဆေးဖို့နဲ့ အိမ်သာတွေ စနစ်တကျသုံးဖို့ အစိုးရရဲ့ အထောက်အပံ့အတွက် ကျေးဇူးတင်လို့ အစိုးရနဲ့ လက်တွဲပြီး ဆက်ဆောင်ရွက်သွားမယ်။”

ကွန်ဂိုနိုင်ငံမှာ တခြားရောဂါတွေ ဖြစ်နေချိန် ကာလဝမ်းရောဂါ ဖြစ်ခဲ့တာပါ။ အထူးသဖြင့် မျောက်ကျောက်ရောဂါနဲ့ ကာလဝမ်းရောဂါလို ကပ်ရောဂါနှစ်မျိုးကို ကိုင်တွယ်ဖြေရှင်းရာမှာ အထူး ပူးပေါင်းဆောင်ရွက်နေပါတယ်လို့  ဒါရိုက်တာ မိုဟမ်မဒ်က ဆက်ပြောပါတယ်။

ကာလဝမ်းရောဂါကို လွန်ခဲ့တဲ့ ၂၇ ပတ်အတွင်း စောင့်ကြည့်ခဲ့ပြီး အခု ရောဂါဖြစ်ပွားမှု အစီရင်ခံထားတဲ့ ပြည်နယ် ၁၇ ခုရှိတယ်လို့ ကွန်ဂိုနိုင်ငံ ကျန်းမာရေးဝန်ကြီး ရိုဂျာ ခမ်ဘာက ပြောပါတယ်။

ကွန်ဂိုအရှေ့ပိုင်းက ပဋိပက္ခဇုန် အများအပြားမှာ သန့်ရှင်းတဲ့ရေကို လက်လှမ်းမမီနိုင်လို့ ထွန်းသစ်စနိုင်ငံတွေအတွက် အမေရိကန်အစိုးရရဲ့ ရန်ပုံငွေဖြတ်တောက်မှုကြောင့် အခြေအနေ ပိုဆိုးလာခဲ့ပါတယ်။

အခုတော့ ကွန်ဂိုအာဏာပိုင်တွေဟာ ကာလဝမ်းရောဂါနဲ့ တခြားရောဂါတွေ ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ WHO နဲ့ တခြားအကူအညီပေးရေး အေဂျင်စီတွေရဲ့ ပံ့ပိုးကူညီမှုအပေါ် အားကိုးနေရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013