
ဘိုလီးဗီးယားနိုင်ငံမှာ ခွေးတွေရော၊ ခွေးရှင်တွေပါ ရာနဲ့ချီပါဝင်တဲ့ အပြေးပွဲတခု ဇူလိုင် ၂၇ ရက်က ကျင်းပခဲ့ပါတယ်။
ဒီပွဲကို တာဝန်ယူမှုရှိတဲ့ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေ ဖြစ်လာစေရေး အားပေးလှုံ့ဆော်တဲ့အနေနဲ့ ဘိုလီးဗီးယား ရဲတပ်ဖွဲ့က ကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင်အားလုံးဟာ ၁ ကီလိုမီတာနီးပါးရှည်တဲ့ ပြေးလမ်းကို အဆုံးထိ ပြေးရတာဖြစ်ပါတယ်။ ပြေးပွဲကိုတော့ ခွေးအရွယ်အစားပေါ်မူတည်ပြီး အသေး၊ အလတ်၊ အကြီး သုံးမျိုးခွဲပြီး ကျင်းပခဲ့ပါတယ်။
ဘိုလီးဗီးယားရဲတပ်ဖွဲ့ ထူထောင်မှု နှစ် ၂၀၀ ပြည့် အထိမ်းအမှတ်လည်း ဖြစ်တဲ့အပြင် တိရစ္ဆာန်တွေကို ဂရုစိုက်စောင့်ရှောက်ဖို့၊ ကာကွယ်ပေးဖို့နဲ့ ချစ်ခင်တတ်ဖို့အတွက် လူထုကို အသိပညာပေးဖို့လည်း ရည်ရွယ်တာ ဖြစ်ပါတယ်။
Source: Reuters










