DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက် တိုက်မြင့်များ၌ ထိုင်းအလံတော်ပုံစံ မီးများဖွင့်ပြီး ထိုင်းစစ်တပ်ကို အားပေး 
DVB
·
July 28, 2025
ဘန်ကောက် တိုက်မြင့်များ၌ ထိုင်းအလံတော်ပုံစံ မီးများဖွင့်ပြီး ထိုင်းစစ်တပ်ကို အားပေး 
1 / 9
Donate to DVB

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ကမ္ဘောဒီးယားစစ်တပ်နဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့ ထိုင်းစစ်သည်တွေကို ဂုဏ်ပြုအားပေးတဲ့အနေနဲ့  ထိုင်းနိုင်ငံမြို့တော် ဘန်ကောက် တိုက်အမြင့်ကြီးတွေမှာ ညအချိန် ထိုင်းအလံတော်ပုံစံ မီးတွေဖွင့်ထားတာကို မြင်တွေ့ရပါတယ်။

အထူးသဖြင့် ဘန်ကောက်မြို့တော် အထင်ကရ စင်ထရယ်ဝေါလ် ကုန်တိုက်ကြီးမှာ“ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တွေ ဘေးကင်းကြပါစေ၊ စိတ်ခွန်အားတွေ ပို့လိုက်တယ်”လို့ အဓိပ္ပာယ်ရတဲ့ ပိုစတာတွေပါ ထောင်ထားပြီး ကုန်တိုက်ထဲမှာလည်း ထိုင်းအလံပါ မီးရောင်တွေ ညလုံးပေါက်ဖွင့်ထားတယ်လို့  ဆိုပါတယ်။

ရှေ့တန်းကနေ ဒဏ်ရာရတဲ့ စစ်သည်တွေနဲ့  စစ်ဘေးရှောင်ပြည်သူတွေအတွက် ထိုင်းနိုင်ငံ ကြက်ခြေနီအသင်းက သွေးအလှူခံနေတာမှာ ဘန်ကောက်နဲ့တကွ ကျန်ခရိုင်များရှိ ကြက်ခြေနီအသင်းခွဲ သွေးလှူဘဏ်တွေမှာလည်း အလှူရှင်အများအပြား သွားရောက်တန်းစီပြီး သွေးလှူနေကြပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုကြောင့် ဇူလိုင် ၂၄ ရက်ကစပြီး နှစ်ဖက် ပစ်ခတ်နေတာမှာ ဇူလိုင် ၂၇  ထိ  ၄ ရက်တာအတွင်း  လက်နက်ကျည်သင့်ပြီး သေဆုံးသူ စစ်သည်နဲ့ ပြည်သူပေါင်း  ၂၂ ယောက် ဒဏ်ရာရသူ ၁၄၀ ယောက်ရှိတယ်၊   ဥဘွန်းရာ့ချ်ဌာနီ၊ ဆီစကစ်၊ ဆူရင်း၊ ဘူရီရမ်၊ ဆလာကယောက်၊ ကျန်ထပူရီ၊ တလာတ် စတဲ့ ခရိုင် ၇ ခုက စစ်ရှောင်စခန်းတွေမှာ ပြည်သူ ၁၄၀,၀၀၀ ခန့် ဝင်ရောက်ခိုလှုံနေကြရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

Photo : The Standard / Thairath News  / Nation TV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013