DVB Logo
Home
မြန်မာသတင်း
မော်ကျွန်းတွင် မှတ်ပုံတင်လုပ်ရန် ငွေကျပ် ၂၅၀,၀၀၀ အထိပေးနေရ
DVB
·
July 27, 2025
မော်ကျွန်းတွင် မှတ်ပုံတင်လုပ်ရန် ငွေကျပ် ၂၅၀,၀၀၀ အထိပေးနေရ
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်က စစ်ကောင်စီရဲ့ လဝကရုံးမှာ နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရင် ကျပ် ၂၅ဝ,ဝဝဝ အထိ ပေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေ လုပ်ရတဲ့အခါ တခုကို ကျပ် ၂၅ဝ,ဝဝဝ သိန်းခွဲအထိ ပေးရပြီး လဝကရုံးက ခွင့်ပြုထားတဲ့ တဆင့်ခံလူနဲ့လုပ်မှ အဆင်ပြေပြေရတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ငွေတောင်းပြီး လုပ်ပေးတဲ့သူက သပ်သပ်တယောက်ထားတာ၊ ပွဲစားလိုမျိုးပေါ့။ မှတ်ပုံတင်ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် မှတ်ပုံတင်လုပ်ရင် ၂ သိန်းခွဲအထိကို ပေးရတာ။ ဒီလောက်တော့ ပေးရမယ် မထင်ဘူးပေါ့။ မပေးရင် လွယ်လွယ်ကိုမရတာ” လို့ ပြောပါတယ်။

မှတ်ပုံတင်သွားလုပ်တဲ့အခါ တောင်းတဲ့ငွေအတိုင်း မပေးရင် သန်းခေါင်စာရင်း မူရင်းနဲ့မိတ္တူ၊ စမတ်ကဒ်၊ မွေးစာရင်း၊ မိဘနှစ်ပါးမှတ်ပုံတင်၊ သွေးစစ်လက်မှတ်၊ ရပ်ကွက်နဲ့ ကျေးရွာ ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ စတာတွေ တောင်းပြီး  ငွေပေးရင်တော့ လွယ်လွယ်နဲ့ လုပ်ပေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လဝကရုံးနဲ့နီးစပ်သူတယောက်က “စစ်ကောင်စီ လက်အောက်ခံ ဌာနတွေအကုန်နီးပါး ပိုက်ဆံကတော့ ရက်ရက်ရောရောကို တောင်းတာ။ တောင်းတဲ့ပမာဏအတိုင်း မပေးနိုင်လို့ မှတ်ပုံတင် မလုပ်ရတဲ့သူတွေ မနည်းဘူးရှိတယ်။ မှတ်ပုံတင် မလုပ်လို့မရှိရင် အဖမ်းခံရနိုင်တယ်လို့ ခြောက်သေးတယ်” လို့ ပြောပါတယ်။

မှတ်ပုံတင်အသစ်လုပ်ရာမှာ တောင်းတဲ့အတိုင်း ငွေပေးနေရတဲ့အပြင် သတ်မှတ်အသက်ပြည့်လို့ ကတ်ပြန်လဲရင်လည်း အနည်းဆုံး ငွေ ၅ သောင်းအထိ ပေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီအာဏာမသိမ်းခင်အချိန်က မှတ်ပုံတင်လုပ်တဲ့အခါ ငွေပေးရတာတွေရှိပေမဲ့ သောင်းဂဏန်း အထိပဲပေးရပြီး အခုလိုသိန်းချီပေးရတာမျိုးမရှိခဲ့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013