DVB Logo
Home
မြန်မာသတင်း
သထုံ-ကျိုက်ကော် ကားလမ်းရေကျော်သဖြင့် လမ်းကိုယာယီပိတ်ခဲ့ရ
DVB
·
July 27, 2025
သထုံ-ကျိုက်ကော် ကားလမ်းရေကျော်သဖြင့် လမ်းကိုယာယီပိတ်ခဲ့ရ
1 / 7
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက်ကော်ဈေးရှေ့ ကားလမ်းပေါ်မှာ ဇူလိုင် ၂၇ ရက် ဒီနေ့မနက်ပိုင်းက ‌ရေလျှံတက်နေတာကြောင့် အဝေးပြေးမော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာတာကို ယာယီပိတ်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီမနက်အစောပိုင်းက မွန်ပြည်နယ်အတွင်း မိုးသည်းသည်းထန်ထန်  ရွာတာကြောင့် ကျိုက်ကော်ရပ်ကွက်က ဘုရားကြီးလမ်းနဲ့ မြို့မဈေးရှေ့ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ် ရေကျော်တက်လာတာလို့ ဒေသခံတယောက်က ပြောပါတယ်။

“လောလောဆယ်တော့ ဖြတ်ခွင့်မပေးသေးဘူး။ ကားကြီးတွေလည်း လမ်းတောက်လျှောက် ပိတ်နေတယ်။ မနေ့ညကတည်းက မိုးက တညလုံးရွာထားပြီး တောင်ကျရေနဲ့ဆိုတော့ ကားလမ်းရေကျော်တက်တာပါ။ ခရီးသွားကားတွေလည်း လမ်းအခြေအနေတွေကို စုံစမ်းပြီးမှ သွားလာစေချင်တယ်”

လက်ရှိမှာ ကျိုက်ကော် စျေးရှေ့ကားလမ်းကို ရေအမြင့် ၂ ပေလောက် ကျော်တက်နေကြောင့် စျေးအတွင်းက ဟင်းသီးဟင်းရွက်၊ အသားငါးဈေးကိုလည်း ဆက်သွယ်ရေးလမ်းဆုံမှာ ရွှေ့ပြောင်းရောင်းချနေကြပါတယ်။

ကားလမ်းရေကျော်ရာ နေရာကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ရှင်းလင်းတာတွေလုပ်ခဲ့ပြီး မနက် ၁၀ နာရီခွဲအချိန်ကစလို့ မော်တော်ယာဉ်ကြီးတွေကို အကန့်အသတ်နဲ့ ဖြတ်သန်းခွင့်ပြုလိုက်တယ်လို့ ဒေသခံတယောက်က DVB ကိုပြောပါတယ်။

မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင် ၂၇ ရက် မနက် ၇ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ မွန်ပြည်နယ်အတွင်း မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သထုံခရိုင်၊ ပေါင်မြို့နယ် အလှပ်ကျေးရွာမှာလည်း ဒီကနေ့ ဇူလိုင် ၂၇ ရက် မနက် ၄ နာရီကျော်လောက်က လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် ကျေးရွာမီးသတ်စခန်း အပါအဝင် လူနေအိမ် ၂၂ လုံးနဲ့ Mytel တာဝါတိုင်တခု ပျက်စီးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013