DVB Logo
Home
မြန်မာသတင်း
ချောင်းဦးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံး
DVB
·
July 27, 2025
ချောင်းဦးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မှာ ဆိုင်ကယ်စီးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးပြီး ဆိုင်ကယ်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့သလို စစ်တပ်စစ်ကြောင်းက ပစ်ခတ်လို့ ပြည်သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ Brave Heart Army (BHA Local PDF) က ဇူလိုင် ၂၄  ရက်နေ့ညပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

BHA ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ချောင်းဦးမြို့ပေါ် မုံရွာ-မန္တလေးလမ်းမကြီးပေါ်က ဆည်မြောင်းရုံးနားမှာ ပစ်ခတ်ခဲ့တာပါ။ သူတို့ဘက်က ဆိုင်ကယ် ၁ စီးကို ၂ ယောက်စီးပြီးတော့ ဆိုင်ကယ် ၂ စီးနဲ့လူ ၄ ယောက်က လက်နက်တွေနဲ့ မုံရွာ-မန္တလေး လမ်းမကြီးပေါ်မှာ ဂျူတီချိန်းကင်းပုန်းဝပ်ဖို့ထွက်လာကြတာကို စောင့်ပြီးပစ်ခဲ့တာပါ” လို့ ပြောပါတယ်။

ဇူလိုင် ၂၃ ရက်နေ့ မနက် ၅ နာရီခွဲဝန်းကျင်မှာ Brave Heart Army (BHA Local PDF) နဲ့အတူ ချောင်းဦးမြို့နယ် ပကဖ တိုက်နယ် ၁ တိုက်ခိုက်ရေးတပ်စိပ်တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

BHA အဖွဲ့တာဝန်ခံ ကိုဖိုးသားကြီး က “သူတို့ဘက်က ဘာမှပြန်ပစ်ချိန်မရလိုက်ဘူး။ ဆိုင်ကယ်တွေ မှောက်ကုန်ပြီး ၄ ယောက်လုံးသေတယ်။ သူတို့ဆီက ပစ္စည်းပစ္စယတွေ သိမ်းပြီး တန်းပြန်ဆုတ်လာကြတာ။ အထိအခိုက်မရှိခဲ့ဘူး။ တိုက်ခိုက်မှုအတွင်းကနေ သူတို့စီးလာတဲ့ ဆိုင်ကယ် ၂ စီး၊ MA3 သေနတ် ၁ လက်၊ MA11 သေနတ် ၃ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ဖုန်း ၂ လုံးနဲ့ ၅.၅၆ ကျည်အတောင့် ၄၀၀ နီးပါးတို့ သိမ်းဆည်းရရှိခဲ့ပါတယ်။ နောက်နေ့မှာ ပဲပြစ်တောရွာကို စစ်ကြောင်းထိုးပြီးတော့ ရွာသား ၁ ယောက်ကို ပစ်သတ်သွားတယ်။ သူ့နာမည်တို့ အသက်အရွယ်တို့ကတော့ စုံစမ်းနေတယ်။ အိမ်တချို့လည်း မီးရှို့ခံရသေးတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၂၄ ရက်နေ့ မနက်ပိုင်းမှာ ချောင်းဦးမြို့အနီးက ပဲပြစ်တောကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လူနေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးသလို ရွာခံ အမျိုးသား ၁ ယောက်ကိုလည်း ပစ်ခတ် သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏ တိုက်ခိုက်ခံနေရသလို စစ်ကောင်စီတပ်ဘက်ကလည်း မုံရွာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်နေလို့ တချို့ကျေးရွာတွေက ဒေသခံတွေဟာ ကျေးရွာတွေအတွင်း မနေရဲကြဘဲ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013