DVB Logo
Home
မြန်မာသတင်း
လေပြင်းကြောင့် မွန်ပြည်နယ်တွင် အိမ် ၅၀၀ ကျော်ပျက်စီး၊ လူတချို့ထိခိုက်သေဆုံး
DVB
·
July 26, 2025
လေပြင်းကြောင့် မွန်ပြည်နယ်တွင် အိမ် ၅၀၀ ကျော်ပျက်စီး၊ လူတချို့ထိခိုက်သေဆုံး
1 / 16
Donate to DVB

မွန်ပြည်နယ်မှာ ဝီဖာမုန်တိုင်းအရှိန်ကြောင့်ဖြစ်ပေါ်နေတဲ့ လေဆင်နှာမောင်းနဲ့ လေပြင်း တိုက်ခတ်တာတွေကြောင့်  ၃ ရက်အတွင်း လူနေအိမ် ၅၀၀ ကျော် ပြိုကျပျက်စီးခဲ့သလို လူတချို့ထိခိုက်သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဇူလိုင် ၂၄ရက်နေ့ကစပြီး ဒီနေ့ ဇူလိုင် ၂၆ ရက်နေ့အထိ မွန်ပြည်နယ်ထဲက ပေါင်၊ သထုံ၊ ကျိုက်ထို၊ မုဒုံ၊ ရေး၊ သံဖြူဇရပ် စတဲ့ မြို့နယ်တို့မှာ လေဆင်နှာမောင်းနဲ့ လေပြင်းတိုက်ခတ်တာကြောင့် သာသနိကအဆောက်အအုံအပါအဝင် စာသင်ကျောင်းတချို့နဲ့ လူနေအိမ်တွေပျက်စီးခဲ့ရတယ်လို့ ပြည်နယ် လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဂကျနော်တို့ မှတ်သားထားတဲ့စာရင်းအရတော့ သာသနိကအဆောက်အအုံတွေရယ်၊ စာသင်ကျောင်း ၂ ကျောင်းရယ်၊ လူနေအိမ်က ၅၁၄ လုံးပြိုတာပေါ့။ ဒဏ်ရာရတာကတော့ ပေါင်မြို့မှာ ၅ ယောက်၊ သထုံမှာ ၂ ယောက်ပါ။ နောက်ထပ် သထုံကအမျိုးသား ၁ ယောက်လည်း သေဆုံးသွားပါတယ်”

လေဆင်နှာမောင်းနဲ့ လေပြင်းတိုက်ခတ်တာကြောင့် သစ်ပင်လဲကျတာတွေနဲ့ ဓာတ်တိုင်တွေ ပြိုလဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သထုံမြို့၊ အောင်ကန်သာရွာခံတယောက်က “မနေ့က ရုတ်တရက်ကြီး အသံအကျယ်ကြီး တချက်ကြားပြီးတော့ လေဆင်နှာမောင်းဝင်မွှေ့သွားတာ။ ရွာထဲကအိမ် ၈၀ လောက် ပြိုကုန်တာပေါ့။ အသက် ၂၅ ခနှစ်အရွယ် အမျိုးသားတယောက်ကတော့ အိမ်ထဲမှာပိပြီး သေဆုံးသွားတယ်။ နောက်ထပ်အမျိုးသားတယောက် အမျိုးသမီးတယောက်ကတော့ ပွန်းပဲ့ဒဏ်ရာတွေရသွားလို့ သထုံဆေးရုံကို တင်ထားရတယ်” လို့ ပြောပါတယ်။

မွန်ပြည်နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အများစုမှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့သလို အင်တာနက်လိုင်းနဲ့ ဖုန်းဆက်သွယ်ရေးလိုင်းတချို့ ပြတ်တောက်ခဲ့ပြီး သစ်ပင်ကြီးတွေ လဲကျလို့ လမ်းတချို့လည်း ပိတ်ခဲ့တယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013