DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းငယ်အရှိန်ကြောင့် နိုင်ငံတဝန်း မိုးကြီးနိုင်၊ မြစ်ရေအန္တရာယ် သတိပေး
DVB
·
July 26, 2025
မုန်တိုင်းငယ်အရှိန်ကြောင့် နိုင်ငံတဝန်း မိုးကြီးနိုင်၊ မြစ်ရေအန္တရာယ် သတိပေး
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ် အရှိန်နဲ့ မုတ်သုံလေ အားကောင်းနေတာကြောင့် ဇူလိုင် ၂၆ ရက်ကနေ ၂၈ ရက်အထိ မြန်မာနိုင်ငံတဝန်း မိုးများပြီး၊ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ ဇူလိုင် ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာ့ပင်လယ် ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး မိုးသက်လေပြင်းကျတုန်း ရေပြင်မြေပြင်လေဟာ တနာရီကို မိုင် ၄၀ ကနေ ၄၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

လှိုင်းအမြင့်ကတော့ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၀ ပေကနေ ၁၆ ပေလောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ နိုင်ငံနေရာအနှံ့လေပြင်းတိုက်တာ၊ လျှပ်တပြက်ရေကြီးတာနဲ့ မြေပြိုတာတွေဖြစ်ပေါ်နိုင်တယ်လို့လည်း မိုးဇလက သတိပေးထားပါတယ်။

မြစ်ရေကြီးမှုအနေနဲ့ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲ ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်လောက် ထပ်မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

ရွှေကျင်မြစ်ရေကလည်း စိုးရိမ်ရေအမှတ်အထက် ပေဝက်ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၃ လက်မလောက် မြင့်တက်နိုင်သလို သံလွင်မြစ်ရေကတော့ ဘားအံမြို့မှာ စိုးရိမ်ရေအမှတ်အထက်ကို ၃ ပေခွဲ ကျော်လွန်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် ရွှေကျင်မြို့နယ်၊ ဘားအံမြို့နယ်နဲ့ မဒေါက်မြို့က မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေကို ဘေးလွတ်ရာနေရာတွေ ရှောင်ကြဖို့ မိုးဇလက အသိပေးထားပါတယ်။

ငဝန်မြစ်ရေကလည်း စိုးရိမ်ရေအမှတ်အောက် ၁ ပေလောက်မှာရောက်နေပေမယ့် နောက် ၁ ရက်အတွင်း ဒီရေမြင့်တက်နိုင်တာကြောင့် ပုသိမ်မြို့နယ်က မြစ်ကမ်းအနီးနေထိုင်သူတွေ မြစ်ရေတက်လာရင် အချိန်မီ ရှောင်ကြဖို့လည်း သတိပေးထားပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း ဇူလိုင် ၂၆ ရက်ကနေ ဩဂုတ်လ ၁ ရက်အတွင်း ဧရာဝတီမြောက်ပိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ မကွေးတိုင်းအလယ်ပိုင်းဒေသတချို့ကလွဲလို့ ကျန်တိုင်းဒေသတွေမှာ မိုးအသင့်တင့်ရွာနိုင်ပြီး တချို့ဒေသတွေမှာ နေရာကွက်မိုးများနိုင်တယ်လို့ ခန့်မှန်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013