DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု၏ လက်နက်ပွဲစားများကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းမှ ပယ်ဖျက်
DVB
·
July 25, 2025
စစ်အုပ်စု၏ လက်နက်ပွဲစားများကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းမှ ပယ်ဖျက်
Donate to DVB

စစ်ကောင်စီတပ်အတွက် စစ်လက်နက်ပစ္စည်းတွေဝယ်ယူပေးနေတဲ့ လက်နက်ပွဲစား ဦးစစ်တိုင်းအောင်၊ ဦးအောင်လှိုင်ဦးနဲ့ ဦးဂျွန်နသန်ကျော်သောင်းတို့နဲ့ သူတို့ရဲ့ ကုမ္ပဏီတွေအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာကနေ ပယ်ဖျက်လိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ပိတ်ဆို့ဒဏ်ခတ်ထားတာကနေ ပြန်ရုပ်သိမ်းပေးလိုက်တဲ့ ကုမ္ပဏီတွေထဲမှာ MCM ကုမ္ပဏီအုပ်စုဝင် MYANMAR CHEMICAL AND MACHINERY  ကုမ္ပဏီ၊ SUNTAC  ကုမ္ပဏီအုပ်စုဝင် SUNTAC TECHNOLOGIES ကုမ္ပဏီ နဲ့   FUNSAGA ကုမ္ပဏီစတာတွေလည်း ပါဝင်ပါတယ်။ 

ဦးစစ်တိုင်းအောင်ဟာ စစ်ကောင်စီတပ်အတွက် လက်နက်စက်ရုံတွေ တည်ဆောက်လည်ပတ်ဖို့အတွက်လိုတဲ့ ကုန်ကြမ်းတွေ တင်သွင်းဖို့ စစ်ဘက်ဆိုင်ရာ သွင်းကုန်လိုင်စင်ရထားသူပါ။

သူဟာ ယူကရိန်းနဲ့ တခြားအရှေ့ဥရောပ နိုင်ငံတွေကလက်နက်တွေကို စစ်ကောင်စီအတွက် တင်သွင်းသူဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) နဲ့ Justice for Myanmar တို့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဦးအောင်လှိုင်ဦးဟာ ယူကရိန်းနဲ့ စစ်ကောင်စီပေါင်းပြီး သံချပ်ကာကားတွေ၊ အပေါ့စား တင့်ကားတွေနဲ့ ဟောင်ဝစ်ဇာအမြောက်တွေ ထုတ်ဖို့ စီမံကိန်းအတွက် အရေးပါတဲ့သူဖြစ်တယ်လို့ Justice for Myanmar က ထုတ်ပြန်ထားသူပါ။

ဦးဂျွန်နသန်ကျော်သောင်းကလည်း စစ်ကောင်စီအတွက် Eurocopter နဲ့ Fokker လေယာဉ်တွေ ဝယ်ဖို့အတွက် ကူညီပေးခဲ့တဲ့သူဖြစ်တယ်လို့ Justice for Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013