DVB Logo
Home
မြန်မာသတင်း
ဖက်ဆစ်တော်လှန်ရေးနေ့တွင် စစ်တပ်ဒေါက်တိုင်များကို ယူကေက ထပ်မံပိတ်ဆို့ ဒဏ်ခတ်
DVB
·
March 27, 2023
ဖက်ဆစ်တော်လှန်ရေးနေ့တွင် စစ်တပ်ဒေါက်တိုင်များကို ယူကေက ထပ်မံပိတ်ဆို့ ဒဏ်ခတ်
Donate to DVB

မြန်မာနိုင်ငံမှာ အရပ်သားပြည်သူလူထုတွေကို အကြမ်းဖက်ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်ရာမှာ အသုံးပြုနေတဲ့ စစ်ကောင်စီလေတပ်အတွက် လေယာဉ်ဆီ ထောက်ပံ့ပေးနေသူတွေနဲ့ လက်နက်ပွဲစားတို့ကို ယူကေနိုင်ငံက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုအသစ်တွေ ထပ်မံချမှတ်လိုက်တယ်လို့  မတ်လ ၂၇ ရက် ဒီကနေ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ ကြေညာပါတယ်။ 

မြန်မာလေတပ်အတွက် လေယာဉ်ဆီ ထောက်ပံ့ပေးနေတဲ့  Shoon Energy Pte Ltd ကုမ္ပဏီ၊ ဒီကုမ္ပဏီရဲ့ လက်ရှိ ဒါရိုက်တာနဲ့ ရှယ်ယာပိုင်ရှင် ဒေါ်ဖြူဝင်းနဲ့  လက်နက်ပွဲစား  Star Sapphire Trading  ကုမ္ပဏီရဲ့ ဒါရိုက်တာ ဦးထွန်းမင်းလတ်တို့ကို ပိတ်ဆို့ဒဏ်ခတ်အရေးယူလိုက်တာလို့ ယူကေအစိုးရရဲ့ နိုင်ငံရပ်ခြား ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံးက ထုတ်ပြန်ပါတယ်။

ပိတ်ဆို့ဒဏ်ခတ်ခံရသူတွေရဲ့ ပိုင်ဆိုင်မှုတွေကိုထိန်းချုပ်လိုက်တာ၊ ယူကေကို ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်တာနဲ့ သူတို့ကို ယူကေ နိုင်ငံသားတွေနဲ့ ယူကေစီးပွားရေးလုပ်ငန်းတွေ မပတ်သက်ဖို့ တားမြစ်ချက်တွေလည်းပါဝင်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ အာဏာကို ထိန်းချုပ်ထားဖို့နဲ့ အတိုက်ခံတွေကိုဖိနှိပ်ဖို့ အကြမ်းဖက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ် ယုတ်မာတဲ့နည်လမ်းတွေ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ် လူမဆန်တဲ့လုပ်ရပ်တွေ တိုးမြှင့်လုပ်ဆောင်နေတာကို ဒီနေ့ကျရောက်တဲ့ တပ်မတော်နေ့မှာ   ယူကေနိုင်ငံအနေနဲ့ ရှုတ်ချတဲ့အကြောင်း ဒီကနေ့ ပိတ်ဆို့ ဒဏ်ခတ်မှုဟာ စစ်တပ်ရဲ့ လောင်စာဆီနဲ့ စစ်လက်နက်ပစ္စည်းတွေရရှိနေတာကို လျှော့ချဖို့ ဖြစ်တယ်လို့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ဝန်ကြီး အန်းမာရီးထရီဗဲလ်ယန်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။ 

မြန်မာစစ်အာဏာရှင်တွေ တာဝန်ခံမှုရှိဖို့နဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေပြန်ရဖို့ ကြိုးပမ်းအားထုတ်နေတဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ပေးဖို့  ယူကေအနေနဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ နီးကပ်စွာ ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

အခုတကြိမ်နဲ့ဆိုရင်  ယူကေအနေနဲ့ မြန်မာစစ်အာဏာရှင်တွေကို ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်အ ရေးယူထားတာ ၁၅ ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013