DVB Logo
Home
နိုင်ငံတကာ
ကိုလံဘီယာတက္ကသိုလ်က အစိုးရနှင့်ကျေအေးရန် ဒေါ်လာ သန်း ၂၀၀ ဒဏ်ကြေးပေးမည်
DVB
·
July 24, 2025
ကိုလံဘီယာတက္ကသိုလ်က အစိုးရနှင့်ကျေအေးရန် ဒေါ်လာ သန်း ၂၀၀ ဒဏ်ကြေးပေးမည်
Donate to DVB

ကိုလံဘီယာတက္ကသိုလ်ဟာ ဂျူး-ကျောင်းသားတွေအပေါ် အကာအကွယ်မပေးနိုင်ခဲ့ဘူးဆိုတဲ့ အစိုးရရဲ့ စွပ်စွဲချက်အရ ဒေါ်လာ သန်း ၂၀၀​ ကျော် ဒဏ်ကြေးပေးဖို့  သဘောတူလိုက်ပါတယ်။ 

၃ နှစ်အတွင်း အဲဒီပမာဏအတိုင်း ဖက်ဒရယ်အစိုးရဆီ ပေးသွင်းရမှာ ဖြစ်တယ်လို့လည်း တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ 

အခုလိုမျိုး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ့်နဲ့ ကျေအေးနိုင်ခဲ့ပြီးနောက် မတ်လတုန်းက ထိန်းချုပ် ကန့်သတ်ခဲ့တဲ့ ဖက်ဒရယ်ထောက်ပံ့ငွေ ဒေါ်လာ သန်း ၄၀၀ ရဲ့ တစိတ်တပိုင်းကို ပြန်ထုတ်ပေးဖို့ရာ အစိုးရအနေနဲ့ သဘောတူခဲ့ပါတယ်။ 

၂၀၂၄ ခုနှစ်တုန်းက ကိုလံဘီယာတက္ကသိုလ်ဟာ ကျောင်းပရိ၀ုဏ်ထဲမှာ ဂျူး ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ခွင့်ပြုပေးခဲ့တယ်ဆိုပြီး ပစ်မှတ်ထားအရေးယူခံရတဲ့ ကျောင်းတွေထဲမှာ ပထမဆုံး ဖြစ်ပါတယ်။ 

ပညာရေးဝန်ကြီး လင်ဒါ မက်မန်က  “ကိုလံဘီယာနဲ့ သဘောတူညီချက်က တက္ကသိုလ်တွေကို တာဝန်ခံမှုရှိအောင် တိုက်ပွဲဝင်နေတဲ့  ကျမတို့ တိုင်းပြည်အတွက် ကြီးမားတဲ့အပြောင်းအလဲ ဖြစ်ပါတယ် " ဆိုပြီး မှတ်ချက်ပြုပါတယ်။ 

မတူကွဲပြားမှု၊ တန်းတူညီမျှမှု နဲ့ အားလုံးပါဝင်မှု စတဲ့ DEI အစီအစဉ်အရ ကျောင်းဝင်ခွင့်ပေးတာမျိုး အပါအ၀င် လိင်ပြောင်းအားကစားသမားတွေရဲ့  အရေးနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှာလည်း ကိုလံဘီယာတက္ကသိုလ် ပါဝင်နေပါတယ်။ 

အဲဒီနောက် ထရမ့်ပ်က " ကိုလံဘီယာဟာ အဓိပ္ပာယ်မရှိတဲ့ DEI မူဝါဒတွေကို အဆုံးသတ်ပြီး ကျောင်းသားတွေရဲ့  အရည်အချင်းအရသာ ကျောင်းဝင်ခွင့် ပေးဖို့အတွက် ကတိပြုခဲ့ပါတယ် " လို့ Truth Social ပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။ 

ဒါ့အပြင် အမေရိကန်နိုင်ငံတဝန်းက တက္ကသိုလ်ကောလိပ်ပေါင်း ၆၀၀ ကျော်အတွက် အစိုးရ ထောက်ပံ့ရေးအစီအစဉ် ၄,၀၀၀ ကျော်ကိုပါ ပြန်ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်ထားပြီး ပမာဏ အားဖြင့် ဒေါ်လာ ၈ ဘီလီယံလောက် ရှိပါတယ်။ 

ကိုလံဘီယာ တက္ကသိုလ်ဟာ အိမ်ဖြူတော်ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောခဲ့ပေမဲ့လည်း အခုတခေါက်ကတော့ အမှားကျူးလွန်မိကြောင်း ဝန်ခံတာမဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။ 

အလားတူကြုံတွေ့နေရတဲ့ နာမည်ကျော် ဟားဗတ်တက္ကသိုလ်ကတော့ ထရမ့်ပ်အစိုးရကို ပြန်တရားစွဲပြီး ဆန့်ကျင်နေတဲ့အပြင် အမှုကြားနာမှုတွေပါ စတင်နေပြီဖြစ်ပါတယ်။

CUADတက်ကြွလှုပ်ရှားသူများအဖွဲ့ ကလည်း ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တဲ့ ကျောင်းသား ၈၀ နီးပါးကို ကျောင်းထုတ်တာ ဒါမှမဟုတ် ၃-နှစ် ဆိုင်းငံ့လိုက်တာမျိုး ရှိကြောင်း အတည်ပြုပါတယ်။ 

အစ္စရေးအပေါ်ဆန့်ကျင်ပြီး ပါလက်စတိုင်းနဲ့အတူ ရပ်တည်ကြောင်းပြသခဲ့တဲ့ စခန်းချဆန္ဒပြပွဲ တွေမှာ ပါဝင်ခဲ့ကြပြီးနောက် တချို့ကျောင်းသားတွေဆိုရင် ရထားပြီးသားဘွဲ့တွေပါ ပြန်ရုပ်သိမ်းခံရ တာမျိုး ရှိလို့နေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013