DVB Logo
Home
နိုင်ငံတကာ
အနောက်ဘက်ကမ်းဒေသကို သိမ်းယူရန်အဆို အစ္စရေးလွှတ်တော် အတည်ပြု
DVB
·
July 24, 2025
အနောက်ဘက်ကမ်းဒေသကို သိမ်းယူရန်အဆို အစ္စရေးလွှတ်တော် အတည်ပြု
Donate to DVB

နိုင်ငံတကာက ပါလက်စတိုင်းနယ်မြေအဖြစ် အသိအမှတ်ပြုထားတဲ့ အနောက်ဘက်ကမ်းဒေသကို အစ္စရေး အချုပ်အခြာအာဏာအောက် သွတ်သွင်းဖို့ အဆိုပြုချက်ကို အစ္စရေးလွှတ်တော် ‘ကနက်ဆက်’ က ဇူလိုင် ၂၃ ရက်မှာ အတည်ပြုပါတယ်။ 

အစိုးရက မဖြစ်မနေ အကောင်အထည်ဖော်ပေးရမယ်ဆိုတဲ့ စည်းနှောင်မှုမျိုးမရှိတဲ့ ဒီအဆိုအတွက် ထောက်ခံမဲ ၇၁ မဲ၊ ကန့်ကွက်မဲ ၁၃ မဲ နဲ့ အတည်ပြုခဲ့တာပါ။ 

ဂျော်ဒန်နဲ့ အစ္စရေးအကြား တည်ရှိတဲ့ စတုရန်းကီလိုမီတာ ၅,၆၀၀ ကျယ်ဝန်းတဲ့ အနောက်ဘက်ကမ်းဒေသကို ၁၉၆၇ အရှေ့အလယ်ပိုင်းစစ်ပွဲအပြီးကတည်းက အစ္စရေးက သိမ်းယူပြီး စစ်ရေးအရ ထိန်းချုပ်ထားတာဖြစ်ပါတယ်။ 

ဂါဇာကမ်းမြောင်နဲ့အတူ အနောက်ဘက်ကမ်းဒေသကို အနာဂတ် ပါလက်စတိုင်းနိုင်ငံရဲ့ နယ်မြေ အဖြစ် နိုင်ငံတကာက လက်ခံထားပေမဲ့  အစ္စရေးက တိုးချဲ့အိမ်ရာတွေ အလျင်အမြန် တည်ဆောက်လာခဲ့ပါတယ်။  

အနောက်ဘက်ကမ်းမှာ အကန့်အသတ်နဲ့ အုပ်ချုပ်ခွင့်ရနေတဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့   PLO ကတော့ အစ္စရေးလွှတ်တော်ရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။ 

၁၉၆၇ ခုကတည်းက အစ္စရေး သိမ်းပိုက်ထားတဲ့ နယ်မြေမှာ အစ္စရေး ၇ သိန်းလောက် လက်ရှိ နေထိုင်နေပါတယ်။ ဒီလို ကျူးကျော်နေထိုင်မှုဟာ ဂျနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်မှုအဖြစ် နိုင်ငံအများစုက မှတ်ယူထားပေမဲ့ အစ္စရေးကတော့ ဒီအခြေချမှုတွေဟာ သမိုင်းအရရော၊ သမ္မာကျမ်းလာ ဂျူးလူမျိုးတွေရဲ့ ဒီမြေနဲ့ ဆက်စပ်မှုအရရော ဥပဒေနဲ့ညီပြီး တရားမျှတတယ်လို့ ခုခံထားပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013