DVB Logo
Home
နိုင်ငံတကာ
ပြင်သစ်သမ္မတကတော်ကို အမျိုးသားအဖြစ် စွပ်စွဲခဲ့သည့် အမေရိကန် ဆယ်လီ တရားစွဲခံရ
DVB
·
July 24, 2025
ပြင်သစ်သမ္မတကတော်ကို အမျိုးသားအဖြစ် စွပ်စွဲခဲ့သည့် အမေရိကန် ဆယ်လီ တရားစွဲခံရ
Donate to DVB

ပြင်သစ်သမ္မတကတော် ဘရစ်ဂျစ် မက်ခွန်းဟာ အမျိုးသားအဖြစ် မွေးဖွားလာခဲ့တယ်လို့ အခိုင်အမာ ပြောဆိုထားတဲ့ အမေရိကန် နိုင်ငံရေးဝေဖန်သုံးသပ်သူ လက်ယာဝါဒီ စာရေးဆရာ ကန်ဒေ့စ် အိုဝင်စ် ကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှု (အသရေဖျက်မှု) နဲ့ ပြင်သစ်သမ္မတ အီမန်နူယယ် မက်ခွန်းနဲ့ သူ့ဇနီး ဘရစ်ဂျစ်တို့က ဇူလိုင် ၂၃ ရက်နေ့က အမေရိကန်နိုင်ငံမှာ တရားစွဲလိုက်ပါတယ်။ 

အင်တာနက်မှာ ဒစ်ဂျစ်တယ် အသံဖိုင်၊ ရုပ်သံဖိုင်တွေ ဖန်တီး၊ တင်ဆက်၊ ထုတ်လုပ်သူ အွန်လိုင်းဆယ်လီ ကန်ဒေ့စ် အိုဝင်စ် ဟာ သူ့ရဲ့ (ဒစ်ဂျစ်တယ် ရုပ်/သံဖိုင်) ပေါ့ဒ်ကတ်စ်ကို လူသိများပြီး သူ့ရဲ့ အားပေးအားမြှောက် ပရိသတ်အုပ်စုကို တိုးပွားအောင် လုပ်ဖို့အတွက် အလိမ်အညာတွေနဲ့ ပြည့်နေတဲ့ “ကမ္ဘာနဲ့ချီပြီး အရှက်တကွဲဖြစ်အောင်လုပ်မှု” နဲ့ “မညှာမတာ အနိုင်ကျင့်ခြင်း” တို့ကို ကျူးလွန်ခဲ့တာကြောင့် တရားစွဲဆိုခဲ့တာဖြစ်ကြောင်း ဒယ်လာဝဲ အထက်တရားရုံးမှာ မက်ခွန်းမောင်နှံက အမှုဖိုင် တင်သွင်းထားပါတယ်။ 

ကန်ဒေ့စ် အိုဝင်စ် ပြောဆိုထားတဲ့ လိမ်ညာစကားတွေထဲမှာ အသက် ၇၂ နှစ်ရှိ ဘရစ်ဂျစ် မက်ခွန်းဟာ ယင်းန်-မစ်ချဲလ် ထွင်းနယူး ဆိုတဲ့ နာမည်နဲ့ မွေးဖွားလာခဲ့ကြောင်း ပြောထားပြီး အမှန်တကယ်က ဘရစ်ဂျစ်ရဲ့ အစ်ကိုဖြစ်သူရဲ့နာမည်သာဖြစ်ကြောင်း မက်ခွန်း မောင်နှံက ရှင်းလင်းထားပါတယ်။ 

သူတို့ဇနီးမောင်နှံ အိမ်ကနေ ထွက်ခွာချိန်တိုင်းမှာ မရေမတွက်နိုင်တဲ့ လူတွေက ကြားထားတဲ့ ဒီလိုယုတ်မာတဲ့ လုပ်ကြံဖန်တီးမှုတွေကို တော်တော်များများက ယုံကြည်နေကြတယ်လို့ သိထားရကြောင်းလည်း တိုင်ကြားချက်က ဆိုပါတယ်။
“ဒါဟာ အရမ်းကိုစွက်ဖက်လွန်းပြီး လူစိတ်မရှိတဲ့၊ နက်နက်နည်းနည်း အသိတရားမဲ့ ကျူးလွန်တာ ဖြစ်တယ်” လို့လည်း ဆိုပါတယ်။ 

အချက် ၂၂ ချက်ပါ တရားစွဲဆိုစာမှာ ထိုက်သင့်တဲ့ ပြစ်ဒဏ်စီရင်မှုကို တောင်းဆိုထားပြီး လျော်ကြေးငွေပမာဏကိုတော့ တိတိကျကျ မဖော်ပြထားပါဘူး။ 

အွန်လိုင်းနာမည်ကျော် အိုဝင်စ် ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုထားတဲ့ အီးမေးလ်တွေကို ချက်ချင်းတုံ့မပြန်သေးသလို မက်ခွန်းရဲ့ရုံးကလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့ တရားစွဲမှုဟာ ကမ္ဘာ့ခေါင်းဆောင်တယောက်က ဂုဏ်သိက္ခာညှိုးနွမ်းစေမှု (အသရေဖျက်မှု) နဲ့ တရားစွဲတဲ့ ရှားရှားပါးပါး အမှုလည်းဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013