DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်မြို့ရောက် စစ်ဘေးရှောင် ၁,၀၀၀ ကျော်  ဆန်ပြုတ်သောက်နေရ 
DVB
·
July 23, 2025
ဆီဆိုင်မြို့ရောက် စစ်ဘေးရှောင် ၁,၀၀၀ ကျော်  ဆန်ပြုတ်သောက်နေရ 
1 / 2
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ မွေတော်ဘုရားကြီးနှင့် ပဲပုတ်ဘုရားများရှိ  စစ်ဘေးရှောင် ၁,၀၀၀ ကျော် ဆန်ပြုတ်သာ သောက်နေရပြီး စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ ဇွန်လ ဒုတိယပတ်ကတည်းက ရောက်လာကြပြီး  ကလေးသူ၊ သက်ကြီးရွယ်အို၊ အမျိုးသမီးတွေ အများစု ပါဝင်တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တယောက်က “စစ်ဘေးပဲ ခဏခဏ ရှောင်ရတော့ အလှူရှင်အပေါ်ပဲ အဓိကမှီခိုနေရတာ။ အလှူရှင်ရှိမှ ထမင်းစားရတာ။ အလှူရှင်ပဲ မျှော်နေရတယ်။ ခုတော့ သူများ ဝေထားတာနဲ့ ချွေတာပြီး စားရတယ်။ ဆန်ပြုတ်ပဲ ချက်ရတယ်။ တချို့မိသားစုတွေတောင် ညစာမစားတော့ဘဲ  တနပ် လျှော့စားကြရတယ်”လို့ ပြောပါတယ်။

စစ်ဘေးရှောင်စခန်းကို PNO ပြည်သူ့စစ်နဲ့ စစ်တပ်တို့က ထိန်းချုပ်ထားလို့ လာရောက်ကူညီမယ့် အလှူရှင်တွေ အနေနဲ့လည်း အခက်ခဲအများစွာရှိတယ်လို့ စစ်ဘေးရှောင်ကူညီသူက ပြောပါတယ်။

“အဲဒီစစ်ဘေးရှောင်စခန်းတွေက PNO လက်အောက်မှာရှိနေတော့ သွားကူဖို့ အဆင်မပြေဘူး။ ကျနော်တို့ လုံခြုံရေး၊ စစ်ဘေးရှောင်တွေရဲ့ လုံခြုံရေးတွေ ရှိသေးတယ်။ လမ်းပေါ် ဂိတ်တွေ နယ်မြေလုံခြုံရေး အခက်အခဲတွေကြောင့် သွားလို့မရသေးဘူး။” 

စစ်ဘေးရှောင်တွေက ဆီဆိုင်မြို့နယ် နောင်ထော်၊ ကောင်ထို၊ ထာပူထိုရွာမှ ဒေသခံတွေ ဖြစ်ကြပြီး စားနပ်ရိက္ခာအပြင် ဆေးဝါး၊ မိုးကာ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

ဆီဆိုင်မြို့အရှေ့ဘက် ကျေးရွာတွေမှာ အခုတပတ်အတွင်း စစ်တပ်နဲ့ PNO ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးနေလို့ တော်လှန်ရေးအဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013