DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် အစုလိုက်အပြုံလိုက် ငတ်မွတ်ခေါင်းပါးနေဟု အဖွဲ့ ၁၀၀ ကျော် ပူးတွဲထုတ်ပြန်
DVB
·
July 23, 2025
ဂါဇာတွင် အစုလိုက်အပြုံလိုက် ငတ်မွတ်ခေါင်းပါးနေဟု အဖွဲ့ ၁၀၀ ကျော် ပူးတွဲထုတ်ပြန်
Donate to DVB

ဂါဇာတဝန်းမှာ အစုလိုက်အပြုံလိုက် ငတ်မွတ်ခေါင်းပါးမှု ဖြစ်ပွားနေတယ်လို့ Save the Children နဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) အပါအဝင် အကူအညီပေးရေးအေဂျင်စီ ၁၀၀ ကျော်က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

“ပါလက်စတိုင်းတွေဟာ အကူအညီနဲ့ အပစ်အခတ်ရပ်စဲရေးကို စောင့်မျှော်ရင်း ပိုပိုဆိုးလာတဲ့ အခြေအနေမှာ နိုးထလာရတဲ့ မျှော်လင့်ချက်နဲ့ အသည်းကွဲမှု သံသရာမှာ ပိတ်မိနေတယ်" လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

အကူညီပေးရေးအဖွဲ့တွေဟာ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဖက်တွေပါ သူတို့မျက်စိရှေ့မှာတင် တိမ်းပါးသွားတာကို မျက်မြင်ကြုံတွေ့နေရတယ်လို့လည်း ဖော်ပြထားပါတယ်။ 

၄၈ နာရီအတွင်း ၃၃ ဦး ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ 

ဂါဇာ ဝင်ထွက်ဂိတ်အားလုံးကို ထိန်းချုပ်ထားတဲ့ အစ္စရေးကတော့ အကူအညီ ထရပ်ကား အစီး ၉၅၀ စာ ဂါဇာမှာ လက်ရှိ ရှိနေပြီး၊ နိုင်ငံတကာက အဖွဲ့အစည်းတွေက ယူပြီး ဖြန့်ပေးရုံပဲလို့ တုံ့ပြန်ထားပါတယ်။  

ဂါဇာမှာ တနေ့ကို ထရပ်ကား ၂၈ စီးစာ အကူအညီပဲ ဖြန့်ဖြူးနိုင်တယ်လို့ အကူညီပေးရေးအဖွဲ့တွေ က ဆိုပါတယ်။ 

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ ဂါဇာလူဦးရေ ၂ သန်းကို ကျွေးမွေးဖို့ တနေ့ကို အနည်းဆုံး ကုန်ကား အစီး ၆၀၀ စာ အကူအညီ ဖြန့်ဖြူးပေးဖို့လိုတယ်လို့ သိရပါတယ်။  

ကုလသမဂ္ဂ ဦးဆောင်တဲ့ စနစ်အောက်မှာ အကူအညီတွေ ဘေးကင်းရန်ကင်း ဖြန့်ဖြူးခွင့်ရဖို့  အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။ 

တန်နဲ့ချီတဲ့ အရေးပါတဲ့ အကူအညီတွေ ဖြန့်ဝေခွင့်မရ ဖြစ်နေသလို၊ အစ္စရေးဟာ ကတိအတုတွေ ပေးပြီး မြေပြင်မှာ တကယ်ပြောင်းလဲမှု မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

နော်ဝေ ဒုက္ခသည်ကောင်စီကလည်း ဂါဇာမှာ ရိက္ခာအကူအညီတွေ လုံးဝကုန်ခန်းသွားပြီဖြစ်ပြီး ဝန်ထမ်းအချို့တောင် ငတ်နေကြပြီလို့ ထုတ်ပြန်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013