DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း အဂတိတိုက်ဖျက်ရေးအဖွဲ့များကို ချုပ်ကိုင်သည့် ဇလန်းစကီး ဆန္ဒပြခံရ
DVB
·
July 23, 2025
ယူကရိန်း အဂတိတိုက်ဖျက်ရေးအဖွဲ့များကို ချုပ်ကိုင်သည့် ဇလန်းစကီး ဆန္ဒပြခံရ
Donate to DVB

ယူကရိန်းနိုင်ငံရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းတွေကို အားနည်းစေတဲ့ ဥပဒေတရပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့အတွက် သမ္မတ ဇလန်းစကီးကို ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့သလို နိုင်ငံတကာရဲ့ ဝေဖန်မှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။ 

ဥပဒေသစ်အရ အမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဗျူရို (နာဗူ) နဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအရာရှိရုံး (ဆာပို) တို့ကို နိုင်ငံတော်ရှေ့နေချုပ် လက်အောက်မှာ ထားရှိလိုက်တာဖြစ်ပါတယ်။ 

ဒီလုပ်ရပ်ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းတွေရဲ့ သီးခြားလွတ်လပ်မှု ဆုံးရှုံးစေပြီး အစိုးရချုပ်ကိုင်မှုအောက် ရောက်သွားစေတယ်လို့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ဇလန်းစကီးကတော့ ဒီအဖွဲ့နှစ်ခုစလုံး အလုပ်ဖြစ်နေဆဲဖြစ်ပေမဲ့ ရုရှားလွှမ်းမိုးမှု ကင်းရှင်းဖို့ လိုတယ်လို့ မှတ်ချက်ချပါတယ်။ 

ဒီဥပဒေကြမ်းအတည်ပြုအပြီးနောက်၊ ကိယက်ဗ်မြို့မှာ လူရာချီ စုဝေးဆန္ဒပြခဲ့ပြီး ဒါဟာ ၂၀၂၂ ဖေဖော်ဝါရီ ရုရှား အလုံးစုံကျူးကျော်မှုနောက်ပိုင်း အကြီးမားဆုံး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ ဖြစ်ခဲ့ပါတယ်။ လဗစ်၊ ဒီနီပရိုနဲ့ ဩဒက်ဆာမြို့ကြီးတွေမှာလည်း ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်။ 

“ကျုပ်တို့က ဥရောပကို ရွေးခဲ့တာ၊ တဦးတည်း အာဏာရှင်စနစ်ကို ရွေးတာမဟုတ်ဘူး” ဆိုတဲ့ ပိုစတာကို ဆန္ဒပြသူတဦးက ကိုင်ဆောင်ထားပါတယ်။ 

နောက်တဦးကတော့ “ငါ့အဖေ သေခဲ့တာ ဒီအတွက် မဟုတ်ဘူး” ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ထားခဲ့ပါတယ်။ 

ဥပဒေအရ ဇလန်းစကီးရဲ့ အမာခံလို့ ထင်ရှားတဲ့ ရှေ့နေချုပ် ရုစလန် ခရက်ဗ်ချန်ကိုဟာ အဂတိ လိုက်စားမှုဆိုင်ရာ အမှုတွေနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေ ပြောင်းလဲတာ၊ အမှု ပိတ်သိမ်းတာတွေအထိ လုပ်ပိုင်ခွင့်ရှိသွားပါတယ်။  

ဇလန်းစကီးကတော့ ယူကရိန်းရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့အစည်းတွေဟာ  ဒေါ်လာဘီလီယံချီတန်တဲ့ ပြစ်မှုတွေကို နှစ်ပေါင်းများစွာ အချိန်ဆွဲထားတယ်လို့ ဝေဖန်ခဲ့ပါတယ်။

အခုလို ရှေ့နေချုပ်ကို လုပ်ပိုင်ခွင့် ပေးလိုက်တဲ့အတွက် ဥပဒေချိုးဖောက်သူတွေကို အပြစ်ပေး နိုင်တော့မယ်လို့လည်း ချေပခဲ့ပါတယ်။ 

ဥရောပသမဂ္ဂထဲ ဝင်ရောက်ဖို့ မရှိမဖြစ် လိုအပ်ချက်ဖြစ်တဲ့ လွတ်လပ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးစနစ်ကို မဟာမိတ်နိုင်ငံတွေရဲ့ ဖိအားကြောင့် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကမှ ယူကရိန်းမှာ အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ 

အခုအခါမှာ ရုရှား စွက်ဖက်မှု အကြောင်းပြ ထိန်းချုပ်လိုက်တဲ့အပေါ် စိုးရိမ်မိတယ်လို့ ဥရောပ ကော်မရှင်ကလည်း ထုတ်ပြန်ထားပါတယ်။ 

G7 အဖွဲ့ဝင်နိုင်ငံတွေက သံအမတ်ကြီးတွေကလည်း ဒီကိစ္စကို ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013