DVB Logo
Home
နိုင်ငံတကာ
စေ့စပ်ညှိနှိုင်းမှုမစခင် အပစ်ရပ်စဲရေးနှင့် အကျဉ်းသားလဲလှယ်ရေး အဓိကဖြစ်ဟု ယူကရိန်းသမ္မတ ပြော
DVB
·
July 23, 2025
စေ့စပ်ညှိနှိုင်းမှုမစခင် အပစ်ရပ်စဲရေးနှင့် အကျဉ်းသားလဲလှယ်ရေး အဓိကဖြစ်ဟု ယူကရိန်းသမ္မတ ပြော
Donate to DVB

အခုသီတင်းပတ်အတွင်း ရုရှားနဲ့ စေ့စပ်ညှိနှိုင်းမှုမတိုင်ခင် အပစ်အခတ်ရပ်စဲရေးနဲ့ အကျဉ်းသားတွေကို လွှတ်ပေးရေးဟာ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇလန်စကီးက ဇူလိုင် ၂၂ ရက်မှာ ပြောပါတယ်။

ယူကရိန်းနဲ့ ရုရှားကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သီတင်း ၇ ပတ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ တူရကီနိုင်ငံမှာ စတင်ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ 

ယူကရိန်းရဲ့ ညှိနှိုင်းရေးအဖွဲ့နဲ့ အစည်းအဝေး လုပ်ခဲ့ပြီးတော့  ရုရှားဘက်ခြမ်းနဲ့ လာမယ့် အစည်းအဝေးမှာ ယူကရိန်းနိုင်ငံ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီရဲ့ အတွင်းရေးမှူး ရပ်စ်တမ် အူမေရော့ဗ်က ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မယ်လို့ သမ္မတ ဇလန်စကီးက ပြောပါတယ်။ 

“တာဝန်ကတော့ အပစ်အခတ်ရပ်စဲရေးကို ဦးတည်လုပ်ဆောင်ရမှာဖြစ်ပြီး နောက်ထပ် ဦးစားပေး တခုကတော့ ငြိမ်းချမ်းရေးကို ပိုနီးစပ်လာနိုင်တဲ့ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို ကျင်းပဖို့ဖြစ်တယ်။”

ယူကရိန်းနဲ့ မိတ်ဖက်နိုင်ငံတွေဟာ ခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲကို စီစဉ်ဖို့အတွက် လုပ်ဆောင်နေကြပြီး၊ ရုရှားက ဖမ်းဆီးထားတဲ့ အရပ်သားတွေနဲ့ ကလေးတွေကို ပြန်လာနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေကြတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။

ယူကရိန်းဟာ စစ်ပွဲကို ဘယ်တုန်းကမှ လုံးဝ မလိုလားခဲ့ဘူး၊ အဲဒါကြောင့် စစ်ပွဲကို စတင်ခဲ့တဲ့ ရုရှားကသာ အဆုံးသတ်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ယူကရိန်းနဲ့ ရုရှားတို့ဟာ လွန်ခဲ့တဲ့ ၅ လအတွင်း အစ္စတန်ဘူလ်မှာ ဆွေးနွေးပွဲ ၂ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

သူတို့ဟာ အကျဉ်းသားတွေကို လဲလှယ်ဖို့ သဘောတူညီခဲ့ကြပေမဲ့ ရုရှားရဲ့ ၂၀၂၂ ခုနှစ် ကျူးကျော်မှုမှ စတင်ခဲ့တဲ့ ၃ နှစ်ခွဲနီးပါး ပဋိပက္ခကို အဆုံးသတ်ဖို့အတွက် ဖြေရှင်းနိုင်တဲ့ တိကျတဲ့ ရလဒ်တခုမှ မရရှိနိုင်ခဲ့သေးပါဘူး။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013