DVB Logo
Home
မြန်မာသတင်း
ရခိုင်ရေဘေးသင့် ပြည်သူ ၁၂,၀၀၀ ကျော် အရေးပေါ်အကူအညီများ လိုအပ်နေ
DVB
·
July 23, 2025
ရခိုင်ရေဘေးသင့် ပြည်သူ ၁၂,၀၀၀ ကျော် အရေးပေါ်အကူအညီများ လိုအပ်နေ
1 / 8
Donate to DVB

ရခိုင်ပြည်နယ်မှာ ဇွန်လအကုန်ပိုင်းက စတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် မြို့နယ် ၈ ခုထက်မနည်းမှာ ရေကြီးခဲ့ပြီး လူဦးရေ ၁၂,၀၀၀ ကျော်ဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေကြတယ်လို့ အာရက္ခတပ်တော်ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဇူလိုင် ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်ရှိ တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော အစရှိတဲ့ မြို့နယ် ၈ ခုရှိ ကျေးရွာပေါင်း ၉၀ ကျော်က အိမ်ထောင်စု ( ၃,၄၆၁)စုက လူဦးရေ (၁၂,၂၄၉)ဦးတို့ဟာ ရေဘေးသင့်ခဲ့ကြရတယ်လို့ HDCO ကပြောထားပါတယ်။

အဲဒီရေဘေးသင့်ဒေသတွေမှာ ရေလွှမ်းမိုးမှုကြောင့် နေအိမ်တွေပျက်စီးတာ၊ စပါးခင်းတွေပျက်စီးတာ၊ လမ်း၊တံတားတွေပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုတွေအပြင် လူသေဆုံးမှုတွေပါရှိနေတယ်လို့ HDCO ရဲ့ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

အဲဒီလို ရေလွှမ်းမိုးခံခဲ့ရတဲ့ နေရာအများစုမှာ အကူအညီတွေ လက်လှန်းမီဖို့ခက်ခဲနေတာကြောင့် အကူအညီရရှိမှုတွေ နည်းပါးနေပြီး ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ၊ အမိုးအကာတွေ၊ မျိုးစပါးတွေ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း အရေးပေါ်လိုအပ်ချက်ရှိနေတယ်လို့ HDCO ကပြောထားတာဖြစ်ပါတယ်။ 

အဲဒီလို အကူအညီတွေလိုအပ်နေတဲ့ ရေဘေးသင့် ပြည်သူတွေနဲ့ ထိခိုက်ခံရသောနေရာတွေကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေ အနေနဲ့လည်း လိုအပ်တဲ့အကူအညီတွေ ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဇူလိုင်လ အစောပိုင်းက ရေကြီးမှုတွေကြောင့် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်ရှိ ကျေးရွာတွေမှာ လယ်ဧက ထောင်နဲ့ချီပျက်စီးခဲ့ပြီး မျိုးစပါးခက်ခဲမှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ မြောက်ဦးမြို့နယ် ကျောက်ကျပ်ကျေးရွာက လယ်သမားတယောက်က ပြောပါတယ်။

“ရေကြီးချိန်မှာ စပါးပင်တွေက အသက်ငယ်သေးတော့ ရေမြုပ်ဒဏ်ကို မခံနိုင်ဘဲ သေဆုံးခဲ့ကြတာကြောင့် လယ်ပျက်စီးမှုတွေက အတော်များတယ်။ အဓိက ပြန်စိုက်နိုင်ဖို့က မျိုးစပါး အခက်ခဲနဲ့ ပျိုးစိုက်ဖို့ငွေကြေးအခက်ခဲတွေက ရှိကြတယ်။ ပြင်ပြီးတော့ ထွန်ယက်စိုက်ပျိုးဖို့လည်း မျိုးစပါး မရှိတော့သလို ပျိုးစိုက်ဖို့ကလည်း ငွေကြေးမတတ်နိုင်ဘူး။ အကူအညီတွေရမှ ပြန်စိုက်နိုင်တော့မယ်။”

ရခိုင်မှာ အခုနှစ် မိုးရာသီအတွင်း ဇွန်နဲ့ဇူလိုင် ၂ လအတွင်း ၃ ကြိမ်အထိ ရေကြီးခဲ့တယ်လို့ မြောက်ဦးဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013