DVB Logo
Home
မြန်မာသတင်း
မင်းတပ်မြို့နယ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်နေ
DVB
·
June 8, 2026
မင်းတပ်မြို့နယ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်နေ
1 / 4
Photo: HKL Mindut
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲကို အခုလဆန်းပိုင်းစပြီး စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လာနေလို့ လူနေအိမ်တွေ ထိခိုက်ပျက်စီး ကုန်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ယောညီနောင်အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ မင်းတပ်မြို့နယ်ထဲကို အခု ဇွန် ၂ ရက်ကစပြီး စစ်တပ်ဘက်က လေယာဥ်နဲ့ဗုံးကြဲတာတွေကို နေ့စဥ်ရက်ဆက် အပြင်းအထန် ပြုလုပ်နေတာပါ။ ပြည်သူပိုင်အဆောက်အအုံတွေတော့ အများအပြားပျက်စီးပါတယ်” လို့ ပြောပါတယ်။

စစ်တပ်ဟာ မင်းတပ်မြို့နယ်အရှေ့ခြမ်းကို ဂျက်တိုက်လေယာဥ်တွေ အသုံးပြုပြီး ဇွန် ၂ ရက်ကနေ ဇွန် ၆ ရက်အထိ  ဗုံး ၁၀ လုံးထက်မနည်း​ ကြဲချကာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး ဇွန် ၇ ရက်မှာတော့ မင်းတပ်မြို့ပေါ်ကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချသွားခဲ့ပါတယ်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမောင်က “မင်းတပ်မြို့ပေါ်ကို ၇ ရက်နေ့ မနက် ၁ နာရီ ဝန်းကျင်လောက်မှာ နေပြည်တော်လေတပ်က တက်လာကြတဲ့ ဂျက်ဖိုက်တာ ၂ စီးက ပေါင် ၅၀၀ ဗုံး ၂ လုံးချသွားတယ်။ ပြည်သူ ထိခိုက်မှုမရှိကြပေမဲ့ မင်းတပ်မြို့ပေါ်က ပြည်သူပိုင်နေအိမ် ၁၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်” လို့  DVB ကို ပြောပါတယ်။

မနက် ၁၁ နာရီဝန်းကျင်မှာလည်း တံတားဦးလေတပ်က တက်လာကြတဲ့ ဂျက်ဖိုက်တာ ၂ စင်းက မင်းတပ်မြို့ပေါ်ကို ဗုံး ၄ လုံး ထပ်မံကြဲချသွားသေးတယ်လို့ သူက ဆက်ပြောပါတယ်။

အင်အား ၂,၀၀၀ နီးပါးပါဝင်တဲ့ စစ်တပ်စစ်ကြောင်းဟာ ကန်ပက်လက်၊ မင်းတပ်၊ ဆော၊ ကျောက်ထုမြို့နယ်တွေအတွင်းမှာ စစ်ကြောင်းထိုးဝင်ရောက်နေပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ကျဆုံးသလို စစ်တပ် စစ်ကြောင်းဘက်ကတော့ ထိခိုက်သေဆုံးသူ အများအပြားရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပေမဲ့ အရေအတွက်ကိုတော့ သီးခြား အတည်ပြိုင်နိုင်ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013