DVB Logo
Home
မြန်မာသတင်း
အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
DVB
·
July 22, 2025
အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
Donate to DVB

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်း (UN Peacekeeping Officer Course) ကို  ဇူလိုင် ၂၁ ရက်က နေပြည်တော်မှာ  စတင်ပြုလုပ်နေပါတယ်။

စစ်ကောင်စီတပ်က အရာရှိစစ်သည်တွေအနေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းတာဝန်တွေ သိရှိနိုင်ဖို့ရည်ရွယ်တဲ့ ဒီသင်တန်းဖွင့်ပွဲကို ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ခဲ့တယ်လို့ ဒီနေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာမှာ ဖော်ပြပါတယ်။

၈ ကြိမ်မြောက်ဖွင့်တဲ့ သင်တန်းကို ဇူလိုင် ၂၁ ရက်ကနေ သြဂုတ် ၁ ရက်အထိ ၁၄ ရက်ကြာ ပြုလုပ်သွားမှာ ဖြစ်ပြီး  စစ်ကောင်စီအရာရှိ အယောက်  ၃၀ တက်ရောက်မှာဖြစ်ပါတယ်။ 

ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းတွေရဲ့ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ စည်းမျဉ်းတွေနဲ့ ဆောင်ရွက်နေမှုတွေ၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးအဖွဲ့တွေ စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်တွေ၊ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်မှု၊ စစ်ဘက် အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ကင်းလှည့်တာ၊ ယာဉ်တန်းလုံခြုံရေး ဆောင်ရွက်တာ၊ တပ်ခွဲအခြေချစခန်း တည်ဆောက်တာ၊ လေ့ကျင့်ခန်း စတာတွေကို စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံ Center For United Nations Peacekeeping (CUNPK) မှ နည်းပြအရာရှိတယောက်က  အိန္ဒိယနိုင်ငံရဲ့  ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေမှုအခြေအနေတွေကို  ရှင်းလင်းတင်ပြခဲ့ပါတယ်။

အဆိုပါသင်တန်းဟာ မြန်မာနိုင်ငံမှာ  (၈) ကြိမ်မြောက် ဖွင့်လှစ်တာဖြစ်ပြီး   ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း စစ်ကောင်စီ အရာရှိ အယောက်  ၁၃၀ နဲ့  စစ်သည် ၈၄ ယောက် တက်ရောက်ခဲ့ကြပါတယ်။ 

အဆိုပါ သင်တန်းမှာ တင်းမာမှုလျှော့ချရေး၊ ပဋိပက္ခစီမံခန့်ခွဲရေးနဲ့ အရပ်သားများ ကာကွယ်ရေးတို့ကို အဓိကထား သင်ကြားပေးမှာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် အိန္ဒိယသံရုံးက လည်း သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေမှာ  အိန္ဒိယအစိုးရရဲ့  နက်ရှိုင်းစွာ ပါဝင်ပတ်သက်နေမှုတွေကို Justice For Myanmar အဖွဲ့က ကန့်ကွက်ရှုတ်ချထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013