DVB Logo
Home
မြန်မာသတင်း
ကျောင်းကုန်းတွင် စစ်မှုထမ်းထောက်ပံ့ကြေး တအိမ်ကျပ် ၃ သိန်းခွဲအထိ အဆမတန်တိုးကောက်
DVB
·
July 22, 2025
ကျောင်းကုန်းတွင် စစ်မှုထမ်းထောက်ပံ့ကြေး တအိမ်ကျပ် ၃ သိန်းခွဲအထိ အဆမတန်တိုးကောက်
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်မှာ စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က စစ်မှုထမ်း ထောက်ပံ့ကြေးဆိုပြီး တအိမ် ကျပ် ၃ သိန်းခွဲအထိ အဆမတန် တိုးကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောင်းကုန်းမြို့နယ်၊ ရေခလုတ်ကျေးရွာအုပ်စု စစ်ကောင် စီခန့်အုပ်ချုပ်ရေးမှူး ကျော်မင်းအောင်နဲ့ စာရေး ရဲဇော်တို့က စစ်မှုထမ်းမယ့်သူတွေကို ထောက်ပံ့ပေးဖို့အတွက် အထက်ညွှန်ကြားချက်အရ ကောက်ယူတာဆိုပြီး ဇူလိုင် ၂၀ ရက်ကစတင်ကာ တအိမ်ကို ငွေကျပ်  ၃ သိန်းခွဲနှုန်း နဲ့ ကောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်ေ

“မဖြစ်မနေကို ထည့်ခိုင်းနေတာ ထောက်ပံ့ကြေးဆိုပြီး။ အဲ့ဒီ အုပ်ချုပ်ရေးမှူးက ရွာကပြည်သူတွေကို စိတ်ဒုက္ခအမျိုးမျိုးပေးနေတာ။ အခုတော့ ငွေထပ်ကောက်ပြန်ပြီ  သူစားဖို့ ကောက်တာ။ ကောက်တဲ့ငွေပေးမလား၊ အခု အသုတ်မှာ စစ်မှုထမ်းမလားလို့ ပြောပြီး ငွေကောက်နေတာ။ ထည့်ရတဲ့သူ များတယ်လေ။ ပြီးခဲ့တဲ့လတွေက ၅ သောင်း အထိပဲ ကောက်တာ” လို့ဒေသခံတယောက်က ပြောပါတယ်။

ရေခလုတ်ကျေးရွာအုပ်စုမှာ မိုးပြာနောက်ကျေးရွာ အပါအဝင် ကျေးရွာခွဲ ၆ ရွာက အိမ်ခြေ ၈၀၀ နဲ့ အထက်မှာရှိပြီး တအိမ်ငွေကျပ် ၃ သိန်းခွဲနှုန်း မထည့်ပါက မထည့်တဲ့အိမ်ကို မှတ်ချက်ယူကာ စစ်မှုထမ်း အပတ်စဉ် ၁၆ မှာ စစ်မှုထမ်းဖို့ စာရင်းထည့်လိုက်မယ်ဆိုပြီး စစ်ကောင်စီခန့်အုပ် ချုပ်ရေးမှူးနဲ့စာရေးတို့က ခြိမ်းခြောက်ကောက်ယူနေတာလို့ သိရပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “သူတို့ငွေကောက်ပုံက အနုကြမ်းစီးတာက သက်သာဦးမယ်။ စစ်မှုမထမ်းချင်ရင် ထည့်လို့ ပြောကောက်တာ။ အုပ်ကြီးကိုယ်တိုင် လိုက်ကောက်တာလည်းရှိတယ်။ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေနဲ့ စာရေးနဲ့ လိုက်ကောက်တာလည်း ရှိတယ်။ လာကောက်လို့ မရှိလို့ မထည့်နိုင်ပါဘူး ပြောရင်လည်း မရဘူး၊ ငွေလေး ၃ သိန်းခွဲလောက်ကို မွဲနေပြီးလားလို့ မေးတာ”' လို့ ပြောပါတယ်။

ကျောင်းကုန်းမြို့နယ်မှာ ရေခလုတ်ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူးနဲ့ စာရေးဟာ စစ်ကောင်စီတပ်နဲ့ပေါင်ပြီး အရပ်သားလူငယ်တွေကို ဖမ်းဆီးပြီး အခြားကျေးရွာအုပ်စုတွေကို လူတယောက် ကျပ် သိန်း ၂၀၀ အထက် ဈေးခေါ်ရောင်းစားပြီး ကားဝယ်စီးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောင်းကုန်းမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်လို့ ပုံစံအမျိုးမျိုးနဲ့ ဖိအားပေး ငွေညစ်နေတာကြောင့် ၁ ရက် ငွေ ၅၀၀၀ လောက်သာ ရတဲ့ တနေ့လုပ် တနေ့စား အခြေခံမိသားစုတွေအဖို့ အခက်အခဲနဲ့ ဆိုင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013