DVB Logo
Home
မြန်မာသတင်း
လက်ဆည်ရဲစခန်းသိမ်းတိုက်ပွဲတွင် ရဲဘော် စိုင်းနောင် နှင့် နဂါး ကျဆုံး 
DVB
·
July 22, 2025
လက်ဆည်ရဲစခန်းသိမ်းတိုက်ပွဲတွင် ရဲဘော် စိုင်းနောင် နှင့် နဂါး ကျဆုံး 
1 / 14
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်က လက်ဆည်ရဲစခန်းသိမ်းတိုက်ပွဲမှာ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တပ်စု ၂ ရဲ့ တပ်စုမှူး၊ အမှတ် ၈ စစ်ကြောင်းရဲ့ တပ်စိတ်မှူးဖြစ်တဲ့ ရဲဘော် စိုင်းနောင် (ခ) ထွန်းခ (အသက် ၁၉ နှစ်) နဲ့ မဟာမိတ်တပ်က ရဲဘော် နဂါးတို့ ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းက ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အမှတ် ၈ စစ်ကြောင်းနဲ့ မဟာမိတ်တို့ပူးပေါင်းပြီး ဇူလိုင် ၁၇ ရက်နေ့ မနက် ၄ နာရီကျော် ဆင်နွှဲခဲ့တဲ့ လက်ဆည်ရဲစခန်းသိမ်း တိုက်ပွဲမှာ အဆိုပါ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ 

တိုက်ပွဲအတွင်း ရဲစခန်းအတွင်း ဘန်ကာ ၆ ခုနဲ့ ရဲတန်းလျား ပင်မအဆောက်အအုံ ၅ ခုတို့ထဲက ဘန်ကာ ၄ ခုနဲ့ အဆောက်အအုံ ၄ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်နေတဲ့ ဘန်ကာ ၂ ခုနဲ့ အဆောက်အအုံ ၁ ခုကို သိမ်းနေချိန် လက်နက်ခဲယမ်းအခက်အခဲ၊ အနီးနားက ပျူရွာက စစ်ကူတွေ ရောက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ပြန်ကြားရေးတာဝန်ရှိသူက “သူက တိုက်ပွဲမှာတင်ပဲ တခါတည်း ကျသွားတာပါခင်ဗျာ၊ ဆေးကုသဖို့ အချိန်မမီလိုက်ပါဘူး။ ရန်သူဘက်ကတော့ ကျနော်တို့ ဘန်ကာတွေ သိမ်းနေတဲ့အချိန် ဘန်ကာထဲက ထွက်ပြေးတဲ့ ရဲ ၃ ကောင်ပေါ့၊ အဲ့ဒါကတော့ လိုက်ပစ်လို့ မျက်မြင်ပဲသေပါတယ်” လို့ ပြောပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) အမှတ် ၈ စစ်ကြောင်း၊ ပခုက္ကူခရိုင်တပ်ရင်း-၁၉၊ တပ်ခွဲ-၃ (ဆိပ်ဖြူ ဗိုလ်မထားတပ်ဖွဲ့)၊ အညာ‌မြေ တပ်ပေါင်းစု၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု(PLC) တို့ ပူးပေါင်းပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ရဲဘော် စိုင်းနောင်(ခ)ထွန်းခရဲ့ ဈာပနကို ဇူလိုင် ၁၉ ရက်က PRF ယာယီဌာနချုပ်တနေရာမှာ ပြုလုပ်ခဲ့ပြီး PRF အဖွဲ့ဝင်တွေ၊ ကျန်ရစ်သူမိသားစု၊ မဟာမိတ်အသီးသီးနဲ့ ရွာသူရွာသားတွေက လွမ်းသူ့ပန်းခွေပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း မဟာမိတ်တပ်ရင်းတခုက ရဲဘော် နဂါးလည်း ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိကာ စစ်ကောင်စီဘက်ကလည်း သေဆုံးသူ ၃ ယောက်အပြင် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013