DVB Logo
Home
အားကစား
တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ဘာစီလိုနာတွင် လုပ်ခ ၁၅ ရာခိုင်နှုန်း လျှော့ယူရမည်
DVB
·
July 22, 2025
တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ဘာစီလိုနာတွင် လုပ်ခ ၁၅ ရာခိုင်နှုန်း လျှော့ယူရမည်
Donate to DVB

တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းမှာ လုပ်ခ ၁၅ ရာခိုင်နှုန်း လျှော့ချယူရမယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဆီ အငှားပြောင်းရွှေ့ကစားမယ့် အင်္ဂလန်တိုက်စစ်မှူးဟာ တနင်္ဂနွေနေ့က စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ရောက်ရှိနေခဲ့ပြီး မကြာခင်မှာ ဆေးစစ်မှုခံယူသွားဖို့ ရှိပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းမှာ တပတ်လုပ်ခ ပေါင် ၃၁၅,၀၀၀ ရရှိနေသူဖြစ်ပြီး ဘာစီလိုနာမှာ အဲဒီလုပ်ခရဲ့ ၁၅ ရာခိုင်နှုန်း လျှော့ချပြီး ရယူသွားရမှာပါ။

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲ ရှိနေတာကြောင့် ရက်ရှ်ဖို့ဒ်ကို ကစားသမား မှတ်ပုံတင်စာရင်းမှာ ထည့်သွင်းဖို့အတွက်လည်း ကြန့်ကြာမှုတွေ ရှိလာနိုင်ကြောင်း သုံးသပ်မှုတွေ ရှိပါတယ်။

ဘာစီလိုနာအသင်းဟာ ဇူလိုင် ၂၇ ရက်ကစတင်ပြီး ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ ဒေသခံကလပ်တွေနဲ့ ခြေစမ်းပွဲ ၃ ပွဲ ကစားသွားမှာဖြစ်ပြီး အဲဒီခရီးစဉ်ပြီးမှသာ ရက်ရှ်ဖို့ဒ်ကို အသင်းလူစာရင်းမှာ ပါဝင်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013