DVB Logo
Home
နိုင်ငံတကာ
လေယာဉ်မှူး အင်ဂျင်မှားပိတ်မိသဖြင့် ကိုရီးယားလေယာဉ် ပျက်ကျဟု ARAIB သုံးသပ်
DVB
·
July 22, 2025
လေယာဉ်မှူး အင်ဂျင်မှားပိတ်မိသဖြင့် ကိုရီးယားလေယာဉ် ပျက်ကျဟု ARAIB သုံးသပ်
Donate to DVB

လူ ၁၇၉ ယောက် သေဆုံးစေခဲ့တဲ့ ဂျေဂျူးလေကြောင်းလိုင်း၊ ဘိုးအင်း ၇၃၇ လေယာဉ် ပျက်ကျမှုဟာ လေယာဉ်မှူးဖြစ်သူက အင်ဂျင်မှားပိတ်မိတာကြောင့်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

လေယာဉ်ဟာ ဘဲကျား (Baikal teal) အုပ်နဲ့ တိုက်မိချိန်မှာ ညာဘက်အင်ဂျင် အလုပ်မလုပ်တော့ပေမဲ့ ဘယ်ဘက်အင်ဂျင် အလုပ်လုပ်သေးတယ်လို့ လေကြောင်းနဲ့ ရထား မတော်တဆမှု စုံစမ်းစစ်ဆေးရေးဘုတ်အဖွဲ့ (ARAIB) ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ လေယာဉ်မှူးက ထိခိုက်သွားတဲ့ ညာဘက်အင်ဂျင်ကို ပိတ်ရမယ့်အစား ကောင်းနေသေးတဲ့ ဘယ်ဘက်အင်ဂျင်ကို မှားပိတ်မိတာ ဖြစ်နိုင်တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ကောက်ချက်ချထားပါတယ်။

ကျန်ရစ်သူ မိသားစုတွေကတော့ စုံစမ်းစစ်ဆေးသူတွေဟာ တခြားသက်ရောက်တဲ့ အချက်တွေကို လျစ်လျူရှုပြီးတော့ လေယာဉ်မှူးကိုပဲ အပြစ်ပုံချတာလို့ စွပ်စွဲထားကြပါတယ်။

ဒီအစီရင်ခံစာမှာ လေယာဉ်ပြေးလမ်းအဆုံးက ကွန်ကရစ် အတားအဆီးအကြောင်း မရည်ညွှန်းထားကြောင်း၊ ဒီအတားအဆီးကြီး ရှိနေလို့ အခုလို အကြီးအကျယ် ပျက်စီးရတာ ဖြစ်ကြောင်း ထောက်ပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန်ကတည်းက ဒီစစ်ဆေးမှု အစီရင်ခံစာကို ထုတ်ပြန်ဖို့ ရည်ရွယ်ထားပေမဲ့ ကြိုတင်သိရှိရတဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေက ကန့်ကွက်တဲ့အတွက်ကြောင့် နှောင့်နှေးနေတာ ဖြစ်ပါတယ်။

ဂျေဂျူးလေကြောင်းလိုင်း လေယာဉ်မှူးများ သမဂ္ဂကလည်း တခြားပတ်သက်တဲ့ အကြောင်းခြင်းရာတွေကို လျှော့ပေါ့စဉ်းစားပြီး လေယာဉ်မှူးတွေရဲ့ ဆုံးဖြတ်ချက်အမှားကိုပဲ အာရုံစိုက်ထားတယ်လို့ ဝေဖန်ပါတယ်။

ဦးခန်းအသံဖမ်းစက်မှတ်တမ်းအရ လေယာဉ်မှူးက အင်ဂျင်နံပါတ် ၂ ကို ပိတ်လို့ ပြောနေပေမဲ့ ပျံသန်းမှု မှတ်တမ်းတွေအရ လေယာဉ်မှူးတွေဟာ အင်ဂျင်နံပါတ်တစ်ကို ပိတ်ချခဲ့တယ်လို့ ဖော်ပြနေပါတယ်။

ဒါဟာ အခြေအနေရဲ့ဖိအားကြောင့် မှားယွင်းသွားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

လေယာဉ်မှူးတွေဟာ ဘယ်ဘက်အင်ဂျင်က မီးသတ်စက်ကိုပါ မှားဖွင့်ခဲ့ပြီး အဲဒါကြောင့် လေယာဉ် ပျံသန်းချိန်မှာ အင်ဂျင်ကို ပြန်နှိုးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ အစီရင်ခံစာက ဖော်ပြပါတယ်။

တောင်ကိုရီးယားလေယာဉ်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က လေဆိပ်မှာ ဆင်းသက်ချိန် ဆင်းသက်ဂီယာ မချနိုင်ခဲ့ဘဲ အန္တရာယ်ကြီးတဲ့အရှိန်နဲ့ ထိုးဆင်းလာခဲ့ပြီး ပြေးလမ်းအဆုံးက အင်တာနာတိုင်တွေ စိုက်ထူထားတဲ့ ကွန်ကရစ်အကာအကွယ်ကြီးကို ဝင်တိုက်မိခဲ့ကာ ခရီးသည် ၁၇၅ ယောက်စလုံး သေဆုံးခဲ့ပြီး လေယာဉ်အမှုထမ်း ၆ ယောက်မှာ ၄ ယောက် သေဆုံးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013