DVB Logo
Home
အားကစား
အစ်ကီတီကို ကို ခေါ်ယူရန် လီဗာပူးအသင်း ဖရန့်ဖတ်နှင့် သဘောတူညီမှုရ
DVB
·
July 22, 2025
အစ်ကီတီကို ကို ခေါ်ယူရန် လီဗာပူးအသင်း ဖရန့်ဖတ်နှင့် သဘောတူညီမှုရ
Donate to DVB

လီဗာပူးအသင်းဟာ ဂျာမန်ကလပ် ဖရန့်ဖတ်တိုက်စစ်မှူး အစ်ကီတီကို ကို ခေါ်ယူနိုင်ဖို့ ဖရန့်ဖတ် အသင်းနဲ့ သဘောတူညီမှုရသွားပြီဖြစ်ပါတယ်။

ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း ၈၀ အပြင် ကစားသမားရဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး နောက်ထပ် ၁၅ သန်းထပ်ပေးရမှာပါ။

အစ်ကီတီဟာ ဆေးစစ်မှုခံယူဖို့အတွက် လီဗာပူးကို ရောက်နေပြီလို့ နာမည်ကြီးအားကစားသတင်းထောက် ဖာဘရီဇို ရိုမာနိုက သူ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။

ပီအက်စ်ဂျီ ကစားသမားဟောင်းဟာ ၂၀၂၃ ခုနှစ်က ဖရန့်ဖတ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး မနှစ်က ၂၂ ဂိုးအထိ သွင်းယူနိုင်ခဲ့သူပါ။

ပြင်သစ်ယူ ၂၁ ကစားသမားကို နယူးကာဆယ်အသင်းက ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ဖရန့်ဖတ်ဘက်က ပယ်ချခဲ့တာပါ။ 

Photo: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013