DVB Logo
Home
အားကစား
ဖရန့်ဖတ် တိုက်စစ်မှူး အစ်ကီတီကို ကို ခေါ်ယူနိုင်ရန် လီဗာပူးအသင်း နီးစပ်
DVB
·
July 21, 2025
ဖရန့်ဖတ် တိုက်စစ်မှူး အစ်ကီတီကို ကို ခေါ်ယူနိုင်ရန် လီဗာပူးအသင်း နီးစပ်
Donate to DVB

လီဗာပူးအသင်းဟာ ဂျာမန်ကလပ် ဖရန့်ဖတ် တိုက်စစ်မှူး အစ်ကီတီကို ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ 

ပီအက်စ်ဂျီကစားသမားဟောင်းဟာ ၂၀၂၃ ခုနှစ်က ဖရန့်ဖတ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး မနှစ်က ၂၂ ဂိုးအထိ သွင်းယူနိုင်ခဲ့သူပါ။

ပြင်သစ် ယူ-၂၁ ကစားသမားကို နယူးကာဆယ်အသင်းက ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ဖရန့်ဖတ်ဘက်က ပယ်ချခဲ့တာပါ။

လက်ရှိအချိန်မှာတော့ လီဗာပူးအသင်းက ကြားဖြတ်ခေါ်ယူဖို့ လုပ်ဆောင်လာခဲ့တာဖြစ်ပြီး ကစားသမားဖြစ်သူနဲ့ သဘောတူညီမှုရယူထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

လီဗာပူးအသင်းဟာ အစ်ကီတီကီအတွက် နယူးကာဆယ်က ကမ်းလှမ်းတဲ့ ပမာဏထက် ပိုများတဲ့ ပြောင်းရွှေ့ကြေးပေးဖို့ အသင့်ရှိနေပြီး အပြောင်းအရွှေ့ မပိတ်ခင် ခေါ်ယူနိုင်ဖို့ နီးစပ်လာတယ်လို့ သိရပါတယ်။

လီဗာပူးအသင်းမှာ တိုက်စစ်မှူး ဒါဝင်နူညက်ဇ် ထွက်ခွာဖို့ရှိတာကြောင့် နံပါတ် ၉ တိုက်စစ်မှူး စစ်စစ်တယောက် ခေါ်ယူဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013