DVB Logo
Home
အားကစား
တိုက်စစ်မှူး အာကီတီ အတွက် လီဗာပူးနှင့် ဖရန့်ဖတ် အလွတ်သဘောဆွေးနွေး
DVB
·
July 17, 2025
တိုက်စစ်မှူး အာကီတီ အတွက် လီဗာပူးနှင့် ဖရန့်ဖတ် အလွတ်သဘောဆွေးနွေး
Donate to DVB

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းဟာ ဂျာမနီ ဖရန့်ဖတ်အသင်းရဲ့ တိုက်စစ်မှူး ဟူဂိုအာကီတီ ကို ခေါ်ယူဖို့အတွက် ဖရန့်ဖတ်နဲ့ အလွတ်သဘော ဆွေးနွေးနေတယ်လို့ Sky Sport သတင်းက ဖော်ပြပါတယ်။

ဒီအပတ် အစောပိုင်းက နယူးကာဆယ် တိုက်စစ်မှူး အီဆက်ခ်အတွက် လီဗာပူးရဲ့ ကမ်းလှမ်းမှုကို နယူးကာဆယ်အသင်းဘက်က ငြင်းပယ်လိုက်ပြီးနောက်ပိုင်း အာကီတီကို ခေါ်ဖို့ ကြိုးပမ်းလာတာပါ။

နယူးကာဆယ်ဘက်ကလည်း အာကီတီကိုခေါ်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး သူတို့ရဲ့ ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းချက်ကို ဖရန့်ဖတ်က ငြင်းထားပါတယ်။

ဖရန့်ဖတ်ဘက်ကတော့ သူတို့ကစားသမားကို ပေါင် ၈၅ သန်း တန်ဖိုးသတ်မှတ်ထားတယ်လို့ Sky sport က ဖော်ပြထားပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူး အာကီတီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံ ၄၈ ပွဲကစားပြီး ၂၂ ဂိုး သွင်းထားသလို ၂၁ နှစ်အောက် ပြင်သစ် လူငယ်အသင်းအတွက်လည်း ၅ ပွဲကစားပြီး ၅ ဂိုး သွင်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013